
ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်က မိမိအနေဖြင့် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း အသင်းပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။
ဘာစီလိုနာအသင်း နှင့် ချုပ်ဆိုထားသည့် ယမားလ်၏လက်ရှိစာချုပ်မှာ ၂၀၂၆ ဇွန်လ (၃၀) ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ယမားလ်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး လက်ရှိအချိန်ထိ သဘောတူညီ မရသေးကြောင်း သိရသည်။
ယင်းအနေအထားတွင် PSG အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။
သို့သော် ယမားလ်က ၎င်းအနေဖြင့် ဘာစီလိုနာအသင်းတွင်သာ ဆက်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဘာစီလိုနာအပေါ် ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာကို လူတိုင်းသိပါတယ်။ စာချုပ် သစ်အတွက် ဆွေးနွေးမှုက အဆင်ပြေမှာပါ။ ကျွန်တော် ဘယ်မှမသွားပါဘူး"ဟု ယမားလ်က ပြောကြားခဲ့သည်။