Eleven Media Group

မန္တလေးအရှေ့မြို့ပတ်လမ်းအနီးရှိ ရေမြောင်းအတွင်းမှ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ

မန္တလေးအရှေ့မြို့ပတ်လမ်းအနီးရှိ ရေမြောင်းအတွင်းမှ အမျိုးသမီးအလောင်းတစ်ခုအား ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် အရှေ့မြို့ပတ်လမ်း ၄၃ လမ်းနှင့် ၁၀၁ လမ်းကြား၊ လမ်းဘေးရေမြောင်းအတွင်းတွင် အမျိုးသမီးအလောင်းတစ်ခုအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးအလောင်းမှာ ခန့်မှန်း အသက် ၄၅ နှစ်အရွယ်ခန့်ဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ သေဆုံးနေခြင်းဖြစ်ကာ အမည်မသိရသေးသဖြင့် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်ခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Eleven Media Group