Eleven Media Group

လာလီဂါဒိုင်လူကြီးများကို အန်ဆယ်လော့တီ ထပ်မံဝေဖန်

Photo: Getty Images

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လာလီဂါပြိုင်ပွဲတွင် ဒိုင်လူကြီးများ၏အမှားများကြောင့် ၎င်းတို့အသင်းမှာ နစ်နာခဲ့ရကြောင်း ထပ်မံဝေဖန်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် လာလီဂါပွဲစဉ် (၃) ပွဲတွင် ကွင်းလယ်ဒိုင်များ၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်း(၃)ပွဲတွင် (၂) မှတ်သာ ရရှိခဲ့သည်။
ထို့ကြောင့် ရီးယဲလ်အသင်းသည် လာလီဂါဒိုင်လူကြီးများကို ဝေဖန်ပြစ်တင်မှုများတောက်လျှောက် ပြုလုပ်နေပြီး ယခုအခါ အသင်းနည်းပြ အန်ဆယ်လော့တီကပါ ထပ်မံဝေဖန်ခဲ့ခြင်း ဖြစ်သည်။
အန်ဆယ်လော့တီက ''ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့တာတွေလည်း များနေပါပြီ။ ထပ်ပြီးတောာ့ မပြောချင်တော့ပါဘူူး။ အက်သလက်တီကို၊ အိုဆာဆူနာတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော်တို့ မပျော်ပါဘူး။ ပြီးခဲ့တဲ့ (၃) ပွဲမှာ ကျွန်တော်တို့ အရမ်းနစ်နာခဲ့ပါတယ်။ ဒီလိုဖြစ်နေတာတွေကို ကျွန်တော် နားမလည်ပါဘူး''ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group