
မန်စီးတီးအသင်းသည် အသင်းဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနား၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်လူငယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဂျာမန်လက်ရွေးစင် ဖလော်ရီယန်ဗက်ဇ်(၂၁ နှစ်)အား ခေါ်ယူရန် ကာလရှည် စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး လာမည့်နွေတွင် အရခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
ဒီဘရိုင်းနား (၃၃ နှစ်)သည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သိရသည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ဖလော်ရီယန်ဗက်ဇ်အား ဒီဘရိုင်းနား၏နေရာတွင် အစားထိုးရန် အလိုရှိနေခြင်းဖြစ်သည်။
သို့သော် လေဗာကူဆင်အသင်းသည် ဖဖော်ရီယန်ဗက်ဗ်အား လက်လွှတ်လိုခြင်းမရှိသည့်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၅၀)ဝန်းကျင်ရရှိမှသာ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။