Eleven Media Group

CasinoHawks ၏ စူပါကွန်ပျူတာက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ် ဗိုလ်စွဲမည်ဖြစ်ပြီး အာဆင်နယ် (၁၆)သင်းအဆင့်မှထွက်ရမည်ဟု ခန့်မှန်း

Photo: AFP

လောင်းကစားကုမ္ပဏီတစ်ခုဖြစ်သည့် CasinoHawks က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စူပါကွန်ပျူတာဖြင့် တွက်ချက်မှုပြုလုပ်ခဲ့ရာ လီဗာပူးလ်အသင်း ဗိုလ်စွဲမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာမူ ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခွာရမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်အတွက် မဲခွဲပွဲကို သောကြာနေ့(ယနေ့) ပြုလုပ်မည်ဖြစ်သည့်အတွက် CasinoHawks က ယခုကဲ့သို့ ခန့်မှန်းမှု ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
၎င်းတို့၏ ခန့်မှန်းမှုအရ (၁၆)သင်းအဆင့်တွင် PSG အသင်းနှင့် ဘာစီလိုနာ၊ ကလပ်ဘရုဂေးနှင့် လိုင်လီ၊ ရီးယဲလ် မက်ဒရစ်နှင့် လေဗာကူဆင်၊ PSV နှင့် အာဆင်နယ်၊ ဖီယင်နုနှင့် အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကို၊ ဒေါ့မွန်နှင့် အက်စတွန်ဗီလာ၊ ဘင်ဖီကာနှင့် လီဗာပူးလ်တို့ ဆုံတွေ့မည်ဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်သို့ PSG၊ ကလပ်ဘရုဂေး၊ ရီးယဲလ်မက်ဒရစ်၊ PSV၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နှင့် လီဗာပူးလ်တို့ တက်ရောက်မည်ဖြစ်သည်။
ထို့ နောက် ကွာတားဖိုင်နယ်တွင် ကလပ်ဘရုဂေးနှင့် PSG၊ PSV နှင့် ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နှင့် အင်တာမီလန်၊ လီဗာပူးလ်နှင့် ဒေါ့မွန်တို့ ဆုံတွေ့ကြမည်ဖြစ်ပြီး PSG၊ ရီးယဲလ်မက်ဒရစ်၊ အင်တာမီလန်နှင့် လီဗာပူးလ်တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။
ထို့နောက် ဆီမီးဖိုင်နယ်တွင် PSG နှင့် ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်နှင့် အင်တာမီလန်တို့ ဆုံတွေ့မည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ လီဗာပူးလ်နှင့် PSG တို့တက်ရောက်ကာ လီဗာပူးလ်အသင်းက (၄-၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲလိမ့်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် မျှော်လင့်နေသော အာဆင်နယ်ပရိသတ်များအတွက် စိတ်ပျက်ဖွယ်ခန့်မှန်းမှုဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့်တွင် ဆုံတွေ့နိုင်ခြေရှိသည့် ပွဲစဉ်အတွဲအဖက်များနှင့် နောက်အဆင့်များအတွက် ပွဲစဉ်လမ်းကြောင်း ထွက်ပေါ်လာခဲ့ပြီးနောက် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။
ရီးယဲလ်အသင်းက ချန်ပီယံလိဂ်ဖလားရရှိရန် (၄း၁)လေးဖြင့် အလေးပေးခံထားရခြင်းဖြစ်ပြီး လီဗာပူးလ်က (၉း၂)လေး၊ ဘာစီလိုနာက (၆း၁)လေး၊ အာဆင်နယ်က (၁၃း၂)လေး သတ်မှတ်ခံထားရသည်။

မူရင်းသတင်း — Eleven Media Group