
ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ရီီးယဲလ်ကစားသမားဘဝ ပွဲဦးထွက်ရာသီ၌ ဂိုး(၅၀)သွင်းယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ဘာပေသည် ပြီးခဲ့သည့်နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုရာသီ၌ ပြိုင်ပွဲစုံ (၃၈)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် (၂၈)ဂိုး သွင်းယူထားသည်။
၎င်းသည် ရီးယဲလ်အသင်းသို့ ရောက်ရှိခါစ၌ ဂိုးသွင်းယူနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ယခုနောက်ပိုုင်းကာလတွင် ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ဂိုး(၅၀) သွင်းယူနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ယုံကြည်မှုအပြည့်ရှိကြောင်းလည်း ဆိုခဲ့သည်။
ရီးယဲလ်အသင်း၏သမိုင်းတွင် တစ်ရာသီဂိုး(၅၀)အထက် သွင်းယူနိုင်သူမှာ စီရော်နယ်လ်ဒိုတစ်ဦးတည်းသာ ရှိခဲ့ဖူးကြောင်း သိရသည်။