
■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
လက်စတာ - ဘရန်ဖို့ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)
နစ္စတယ်ရွိုင်းရဲ့လက်စတာကလည်း တန်းဆင်းဖို့ ဦးတည်နေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်နဲ့ ကစားခဲ့တုန်းက အသင်းလိုက်ကစားပုံ၊ တိုက်စစ်ကစားပုံမျိုးကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းတယ်။ ဒီရာသီမှာ အထင်သေးစရာ အကောင်းဆုံးပွဲတစ်ပွဲကို လက်စတာကစားခဲ့တယ်လို့တောင် ပြောရမယ်။ ဘရန့်ဖို့ဒ်က ခြေမှန်ပြီး တိုက်စစ်အတွဲက တော်တော်အားကောင်းတယ်။ ဘရန့်ဖို့ဒ် နိုင်မယ်။
■ လာလီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
ဆယ်လ်တာဗီဂို - အိုဆာဆူနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)
ဆယ်လ်တာ ခြေစွမ်းတက်လာပြီး အိမ်ကွင်းမှာ အိုဆာဆူနာကို ဖိအားကောင်းကောင်းပေးနိုင်ဖို့ များတယ်။ အိုဆာဆူနာ အဝေးကွင်းညံလို့ ဆယ်လ်တာနဲ့ ဂိုးအများပဲ ကောင်းမယ်။
■ စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
လက်ချီ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၂:၁၅ နာရီ)
လက်ချီအသင်း နောက်ဆုံး(၃)ပွဲမှာ (၅)မှတ် ရယူထားနိုင်ခဲ့တယ်။ အူဒီးနီးစ်အသင်းက လက်ချီထက် အဖက်ဖက်သာတဲ့ အသင်းဆိုပေမဲ့ အိမ်ကွင်းအားသာချက်ကို သတိပြုရမယ်။ လက်ချီ မရှုံးနိုင်ဘူး။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
ဖရိုင်းဘတ် - ဝါဒါဘရီမင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၂:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက နောက်ဆုံး(၃)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ ဝါဒါဘရီမင်ရဲ့လက်ရှိပုံစံနဲ့ ဖရိုင်းဘတ် နိုင်ပွဲဆက်ဦးမယ်ထင်တယ်။
■ ပြင်သစ်လီဂူးပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
ရန်းစ် - Reims (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၂:၁၅ နာရီ)
အဆင့် (၁၃) မှာ ရပ်တည်နေတဲ့ ရန်းစ်နဲ့ အဆင့် (၁၄) မှာ ရပ်တည်နေတဲ့ Reims တို့ ပွဲက အကြိတ်အနယ် ရှိလာနိုင်တယ်။ အိမ်ကွင်းဆိုရင် အမှတ်ရအောင် ကြိုးစားလေ့ရှိတဲ့ ရန်းစ်ကို ရွေးထားချင်တယ်။