
ဆိုစီဒက်အသင်းမှ ဂျပန်တိုက်စစ်ကစားသမား ကူဘိုက ဆော်ဒီလိဂ် အကောင်းဆုံးဖြစ်လာလျှင် သွားရောက်ကစားမည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်း၏ ကစားသမားဟောင်းဖြစ်သည့် ကူဘိုသည် ပြီးခဲ့သည့် အပြောင်းအရွှေ့စျေးကွက်တွင် ဆော်ဒီကလပ်အသင်းတစ်သင်း၏ ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း ငြင်းပယ်ခဲ့သူဖြစ်သည်။
၎င်းက "ဆော်ဒီက ကမ်းလှမ်းမှုတစ်ခုရရှိခဲ့ပေမဲ့ ကျွန်တော် ငြင်းပယ်ခဲ့ပါတယ်။ ကျွန်တော်က အကောင်းဆုံးလိဂ်မှာပဲ ကစား ချင်လို့ပါ။ ဆော်ဒီလိဂ်က အကောင်းဆုံးလိဂ်ဖြစ်လာရင်တော့ ကျွန်တော် သွားကစားမှာပါ။ အခုတော့ ဆွဲဆောင်မှုက ငွေကြေးတစ်ခုပဲ ရှိပါတယ်။ ကျွန်တော် ထိပ်သီးလိဂ်မှာပဲ ကစားချင်ပါတယ်။ ဒါ ကျွန်တော့်အိပ်မက်ပါ"ဟု ဆိုခဲ့သည်။
အသက် (၂၃) နှစ်အရွယ်ရှိ ကူဘိုသည် ယခုရာသီတွင် ဆိုစီဒက်အသင်းအတွက် လာလီဂါ (၂၃) ပွဲတွင် (၄) ဂိုးသွင်းယူထားသည်။