
လီဗာပူးလ်အသင်းသည် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျိုတာကို လာမည့် နွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။
အသက် (၂၈) နှစ်အရွယ်ရှိ ဂျိုတာသည် ၂၀၂၀ နွေရာသီတွင် ဝုလ်ဗ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင် (၄၁) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
ဂျိုတာသည် နည်းပြ အာနယ်ဆလော့လက်ထက် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ရနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၄) ပွဲသာ ပါဝင်ကစားထားပြီး (၈) ဂိုး သွင်းယူထားသည်။
၎င်းအနေဖြင့် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေသော်လည်း နည်းပြ အာနယ်ဆလော့၏ အနာဂတ်စီမံကိန်းတွင် ပါဝင်ခြင်းမရှိသည့်အတွက် ရောင်းထုတ်ခံရရန် အလားအလာများနေခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကို ခေါ်ယူရန် ဆော်ဒီကလပ်များနှင့်အတူ အာဆင်နယ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။