
ချယ်လ်ဆီးအသင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဂိုးလ်စတိန်းက ယခုရာသီတွင် နည်းပြ မာရက်စကာ ရာထူးမှ ထုတ်ပယ်ခံရမည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့သည်။
မာရက်စကာသည် ပြီးခဲ့သည့်နွေရာသီကမှ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ရာသီအစပိုင်း၌ ရလဒ်ကောင်းခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရုန်းကန်ရမည့်အခြေအနေဖြစ်နေသည်။
သို့သော် ဂိုးလ်စတိန်းက မာရက်စကာ၏ စွမ်းဆောင်မှုမှာ ကျေနပ်စရာဖြစ်သည့်အတွက် ယခုရာသီတွင် ရာထူးမှ ထုတ်ပယ်မခံရရန် (၁၀၀)ရာခိုင်နှုန်း သေချာသည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၄၃) မှတ်ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်နေပြီး အဆင့် (၄) နေရာမှ မန်စီးတီးအသင်း (၄၄ မှတ်)နှင့် (၁) မှတ်သာ ကွာဟသည်။
ထို့ပြင် ဂိုးလ်စတိန်းက ၎င်းအနေဖြင့် ယခုရာသီလက်ကျန်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။