
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကို အိုဆာဆူနာနှင့်ပွဲ၌ အနီကတ်ပြခဲ့ခြင်းမှာ မမှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၎င်းအား အနီကတ်ပြခဲ့သည့် စပိန်ဒိုင်လူကြီး မွန်တဲရိုးမှာ လက်ရှိအချိန်တွင် အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့်ပင် ရင်ဆိုင်နေရသည်။
သို့သော် RFEF က ဘယ်လင်ဟမ်အား တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည့် ၎င်း၏ ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ထောက်ခံခဲ့ခြင်းဖြစ်သည်။
မွန်တဲရိုးသည် ဘယ်လင်ဂမ်ကို ၎င်းအား ရိုင်းပျစွာ ပြောဆိုခဲ့ခြင်းအတွက် အနီကတ်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘယ်လင်ဟမ်သည် အိုဆာဆူနာနှင့်ပွဲမှ အနီကတ်အတွက် (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပြီး ဂျီရိုနာ၊ ဆိုစီဒက်အသင်းတို့နှင့် ကစားမည့် လာလီဂါပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။