Eleven Media Group

■ လီဗာပူးလ်အတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဒါဝင်နူးနက်ဇ် ကတိပေး

Photo: Getty Images

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က မိမိအနေဖြင့် အသင်းအတွက် အစွမ်းကုန်ကြိုးစားပေးသွားမည်ဟု ကတိပေးပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ၂၀၂၂ နွေရာသီတွင် ဘင်ဖီကာအသင်းမှာ လီဗာပူးလ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် (၈၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် လီဗာပူးလ်အသင်းကို စရောက်ပြီးကတည်းက ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်သည့်ခြေစွမ်းကို ပြသနိုင်ခြင်းမရှိသလို အပိုင်အခွင့်အရေးများကို မကြာခဏလွဲချော်ခြင်းကြောင်း ဘောလုံးကျွမ်းကျင်သူများ၏ ဝေဖန်ခြင်းကို ခံနေရသူဖြစ်သည်။

ဒါဝင်နူးနက်ဇ်သည် အက်စတွန်ဗီလာအသင်းနှင့် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လူစားဝင်ကစားခဲ့ပြီး ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးများကို အသုံးချနိုင်ခဲ့ခြင်းမရှိသောကြောင့် အသင်းပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

သို့သော် ဒါဝင်နူးနက်ဇ်က ၎င်းအနေဖြင့် အရှုံးမပေးကြောင်းနှင့် လီဗာပူးလ်အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဒါဝင်နူးနက်ဇ်က "ပြီးခဲ့တဲ့ (၃) ပတ်လောက်က ကျွန်တော် အကောင်းဆုံးမဟုတ်ခဲ့သလို၊ အခုလည်း ကျွန်တော် အဆုံးဆုံး မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော် လဲကျခဲ့မယ်ဆိုရင် ကျွန်တော် ပြန်ထမှာပါ။ ကျွန်တော် ဘယ်တော့မှ အဆုံးမပေးဘူးဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ လီဗာပူးလ်အသင်းမှာ ရှိနေသမျှကာလပတ်လုံး ကျွန်တော့်အနေနဲ့ အသင်းအတွက် နောက်ဆုံးအချိန်ထိ အစွမ်းကုန်ပေးဆပ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဒါဝင်နူးနက်ဇ်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲတွင် (၆) ဂိုးသာ သွင်းယူထားနိုင်သေးပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။

မူရင်းသတင်း — Eleven Media Group