
ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ရာသီတွင် အသင်း၏ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် လီဗာပူးလ်နောက်ခံကစားသမား ကိုနာတေးနှင့် အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
စပိန်အားကစားသတင်းစာ AS ၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းဝါရင့်နောက်ခံကစားသမား ရူဒီဂါ၏နေရာတွင် ရေရှည်အစားထိုးရန်အတွက် ထိပ်တန်းနောက်ခံကစားသမားများ ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်မှ နောက်ခံကစားသမားများကို စောင့်ကြည့်နေပြီး ယင်းထဲတွင် လီဗာပူးလ်နောက်ခံကစားသမား ကိုနာတေး(၂၅ နှစ်)၊ အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ် (၂၂ နှစ်)တို့ ပါဝင်ကြောင်း သိရသည်။
ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ကိုနာတေးသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက ၎င်းကို စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရှိရသည်။
အင်္ဂလန်နောက်ခံကစားသမား ဘရန့်ဝိတ်မှာမူ အဲဗာတန်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာမည်ကျော် အင်္ဂလန်ညာနောက်ခံကစားသမား အာနိုးလ်ကိုလည်း လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။