Eleven Media Group

■ မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇) တွင်  ဒုတိယ အကြိမ်  ဓါးပြတိုက်ခံရမှု ဖြစ်ပွား

■ မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇) တွင် ဒုတိယ အကြိမ် ဓါးပြတိုက်ခံရမှု ဖြစ်ပွား

■ တစ်ဦးတည်း ဝင်ရောက် ဓားပြတိုက်၍ ကျပ်သိန်း ၁၅၀၀ ခန့် ယူဆောင်သွား

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) တွင် အမျိုးသားတစ်ဦးက ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်၌ ဓားပြတိုက်ကာ ကျပ်သိန်း ၁၅၀၀ ခန့် ယူဆောင်သွားကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ် ဗောဓိကုန်း ကမ္ဘောဇဘဏ် (၃၇) တွင် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ဓားပြတိုက်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသားသည် စူပါကပ်ဆိုင်ကယ်ဖြင့် ကျပ်သိန်း ၁၅၀၀ ခန့်အားယူဆောင်သွားခဲ့ကြောင်း ကနဦးစုံစမ်းသိရသည်။

အဆိုပါကမ္ဘောဇဘဏ်(၃၇) တွင်ပင် ဇန်နဝါရီ ၁၁ ရက်ကလည်း လက်လုပ်သေနတ်ဖြင့် တစ်ဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဓားပြတိုက်သူကို ဘဏ်မှအထွက်တွင် ၀ိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့သည်။

KBZ ဘဏ်ခွဲများတွင် ဓားပြတိုက်ခံရမှုမကြာခဏဖြစ်ပွားပြီး ဖြစ်စဉ်အများစုတွင် သိန်းတစ်ထောင်ကျော်မှ သိန်းသုံးထောင်ခန့် ငွေကြေးပမာဏများကိုဓားပြတိုက်သူများကအလွယ်တကူ ဓားပြတိုက်ရယူနေသည်ကိုတွေ့ရသည်။

ထို့ပြင် KBZ ဘဏ်ခွဲများတွင် ဓားပြတိုက်သည့်ဖြစ်စဉ်များအနက် ဓားပြတိုက်သူများအား ပြန်လည်ဖမ်းဆီးရမိသည့်ဖြစ်စဉ်အချို့တွင် ဓားပြတိုက်သူများသည် PDF အဖွဲ့ဝင်များဖြစ်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားမှုအရ သိရသည်။

မူရင်းသတင်း — Eleven Media Group