
အဲဗာတန် - မန်ယူ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၇:၀၀ နာရီ)
မန်ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ ဒေးဗစ်မွိုက်စ်အတွက် အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် ခရီးဖြစ်တယ်။ လက်ရှိအချိန်မှာ အဲဗာတန်အသင်းရဲ့ အသင်းလိုက်ကစားပုံက သိသိသာသာတိုးတက်လာပြီး မာကျောမှုအပြည့်ရှိသလို၊ ဘီတို ရဲ့ သွင်းဂိုးတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ မန်ယူနိုက်တက်က ပြဿနာတွေအများကြီး ရှိနေသေးတဲ့အသင်းပါ။ အဲဗာတန်ပဲ ကြိုက်တယ်။
ဘုန်းမောက် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၃၀ နာရီ)
ဒီပွဲက လက်တလောရလဒ်တွေအရ ပရိသတ်တိုင်း၊ သုံးသပ်သူတိုင်း ဘုန်းမောက်ကို ဦးစားပေး စဉ်းစားကြမယ့်ပွဲမျိုးပါ။ ဒါပေမဲ့ ဝုလ်ဗ်က ဒီလိုအတွေးတွေကို ထင်သလောက် မရိုးရှင်းအောင် လုပ်နိုင်တဲ့အစွမ်း ရှိတယ်။ ဗစ်တာပါရဲရားလက်ထက်မှာ သိသိသာသာ တိုးတက်လာတဲ့ ခံစစ်နဲ့ ပိုမာကျောလာတဲ့ကွင်းလယ်က ဘုန်းမောက်ကို မထင်မှတ်ဘဲ ဒုက္ခပေးနိုင်တယ်။ အက်ဂ်ဘာဒူသာပါရင် ဝုလ်ဗ်သရေတောင်ယူသွားနိုင်တယ်။
အာဆင်နယ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၃၀ နာရီ)
အာဆင်နယ်အတွက် အရေးကြီးတဲ့ လန်ဒန်ဒါဘီပွဲစဉ်ပါ။ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်း မန်စီးတီးကွင်းမှာ ပွဲကျပ်ကစားနေချိန်မှာ (၃)မှတ်အပြည့်ယူထားပြီး လီဗာပူးလ် ခြေချော်ဖို့ မျှော်လင့်ရမယ့် ပွဲစဉ်အနေအထားဖြစ်နေတယ်။ လက်ရှိ အာဆင်နယ်အသင်းရဲ့ တိုက်စစ်က အားရစရာမရှိပေမဲ့ အသင်းလိုက်ကတော့ တော်တော်လေး အားကောင်းနေဆဲပါ။ အာဆင်နယ်ပဲ နိုင်မယ်။
ဖူလ်ဟမ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၃၀ နာရီ)
ဖူလ်ဟမ်က ထိပ်တန်းအသင်းတွေကို တော်တော်လေး ဒုက္ခပေးနိုင်တဲ့အသင်းပါ။ ပဲလေ့စ်ကလည်း ထိပ်တန်းအသင်းမဟုတ်ပေမဲ့ ဒီဇင်ဘာလောက်ကနေ စတွက်ရင် ထိပ်တန်း Form ကို ပြသနေတဲ့အသင်းမျိုးဖြစ်တယ်။ ဖူလ်ဟမ်အတွက် နော်တင်ဟမ်လိုအသင်းမျိုးကို ကျော်ဖြတ်ပြီးတဲ့နောက် ဒီပွဲကို အရည်အသွေးမြင့်မြင့် ကျော်ဖြတ်ဖို့ ယုံကြည်မှုအပြည့် ရှိနေနိုင်ပေမဲ့ ပဲလေ့စ်ရဲ့အဝေးကွင်းရလဒ်ကကြောက်စရာပါ။ သရေကျမယ်။
အစ်ဝစ်ချ် - စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၃၀ နာရီ)
အစ်ဝစ်ချ်က တန်းဆင်းဇုန်အတွက် ရုန်းကန်နေရတဲ့အသင်းတွေထဲမှာ အထင်ကြီးစရာကစားပုံကို ပြသနေတဲ့အသင်းမျိုးဖြစ်တယ်။ အစ်ဝစ်ချ်ရဲ့ တိုက်စစ်ပိုင်းက ဒီလပ်က ပရီးမီးယားလိဂ်သွင်းဂိုး (၁၀) ဂိုးထိ ရှိလာသလို၊ ဟတ်ချင်ဆန်ရဲ့အရည်အသွေးကလည်း တော်တော်မြင့်တယ်။ စပါးကလည်း လူပြန်စုံလာတာကြောင့် ခြေစွမ်းပိုတက်လာမှာ သေချာပါတယ်။ သရေကျသွားနိုင်တယ်။ အနိုင်ဆိုရင်တော့ စပါးကို ကြိုက်တယ်။
ဆောက်သမ်တန် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၃၀ နာရီ)
ဘရိုက်တန်က ချယ်လ်ဆီးအသင်းကို နှစ်ပွဲဆက်အနိုင်ကစားပြီးနောက် ယုံကြည်မှုကို ပြန်တည်ဆောက်လိုက်နိုင်ပါပြီ။ မီတိုမာရဲ့တစ်ရာသီစာ ခြေစွမ်းက ပြီးခဲ့တဲ့ နှစ်ရာသီကို မမီပေမဲ့ နောက်ပို်င်းပွဲတွေမှာ မီတိုမှာ ပုံစံကောင်းပြန်ပြလာတယ်။ ဆောက်သမ်တန်က တိုက်စစ်ကစားပုံကောင်းသလောက် ခံစစ်က တော်တော်လေး ဖွာတဲ့အသင်းမျိုးပါ။ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။
အက်စတွန်ဗီလာ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၂:၀၀ နာရီ)
အက်စတွန်ဗီလာက ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်နဲ့ ကစားထားရပြီး အခု ချယ်လ်ဆီးနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်တယ်။ လက်ရှိအချိန်မှာ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အရမ်းအရေးပါနေတဲ့အနေအထားမှာ ရှိတယ်။ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ကိုယ်စီရှိနေကြပြီး ပရီးမီးယားလိဂ်က အဆင့် (၅) အထိ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ခြေရှိနေတဲ့အတွက် နော်တင်ဟမ်၊ နယူးကာဆယ်၊ ချယ်လ်ဆီး၊ ဗီလာတို့ ကြားမှာ ပြင်းထန်တဲ့ အမှတ်လုတိုက်ပွဲတွေရှိနေကြပြီး အခု ဒီ (၄) သင်းထဲက နှစ်သင်း ထိပ်တိုက်တွေ့နေခြင်းဖြစ်တယ်။ လက်ရှိ ခြေစွမ်းအရရော၊ ရလဒ်ပိုင်းအရပါ အက်စတွန်ဗီလာက ပိုစိတ်ချရပြီး ပိုအားကောင်းတဲ့ အနေအထားလို့ ပြောရမယ်။ ရပ်ရှ်ဖို့ဒ်၊ မော်ဂန်ရော်ဂျာစ်၊ အဆန်စီယို၊ ဝက်ကင်စ်တို့ တိုက်စစ်ကို ချယ်လ်ဆီးရဲ့ အားနည်းတဲ့ခံစစ်က ထိန်းချုပ်ဖို့ ခက်တယ်။ ဗီလာပဲ နိုင်မယ်။