Eleven Media Group

■ လာလီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

အလာဗတ်စ် - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၇:၃၀ နာရီ)
အလာဗတ်စ်နဲ့ ရင်ဆိုင်ရတိုင်း အက်စ်ပန်ညို အနိုင်ရဖို့ ခက်တတ်တယ်။ ခုနောက်ပိုင်း ခြေစွမ်းအရ အက်စ်ပန်ညိုက ပိုသာသလို ရှိပေမဲ့ အလာဗတ်စ်က အိမ်ကွင်းအမှားနည်းတဲ့အသင်းဖြစ်လို့ အက်စ်ပန်ညိုကို အနိမ့်ဆုံးသရေထိန်းကစားနိုင်ဖို့ သိပ်မခက်ဘူးထင်တယ်။ ဂိုးအနည်း၊ သရေပွဲဖြစ်ဖို့ များနေတယ်။


ဗယ်လက်ကာနို - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၄၅ နာရီ)
အဆင့်အထက်၊ အောက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲဆိုတော့ အကြိတ်အနယ် ရှိလိမ့်မယ်။ ဗယ်လက်ကာနိုကွင်းမှာ ဗီလာရီးယဲလ် အနိုင်ရဖို့ ခက်လေ့ရှိတာကိုလည်း သတိထားရလိမ့်မယ်။ ဗီလာရီးယဲလ်ခံစစ်မငြိမ်မှု၊ ပွဲတိုင်းနီးပါး ဂိုးပေးနေရမှုနဲ့ ဆိုရင်တော့ အိမ်ကွင်းမှာ ခြေပိုစွာတဲ့ ဗယ်လက်ကာနိုကို အနိုင်ရဖို့ မလွယ်လောက်ဘူး ထင်တယ်။ ဂိုးနည်းပြီး သရေကျသွားနိုင်တဲ့ ပွဲဖြစ်နိုင်တယ်။


ဗလင်စီယာ - အက်သလက်တီကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၂:၀၀ နာရီ)
နောက်ဆုံး (၂) ပွဲဆက် သရေကျပြီး အက်သလက်တီကို ပြန်လျော့သွားသလို ဖြစ်နေတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးရရေး ရုန်းကန်လာရသလို ဖြစ်နေပြန်တယ်။ ဗလင်စီယာကလည်း ခုနောက်ပိုင်း အိမ်ကွင်းကစားအား ပြန်ကောင်းလာတယ်။ တိုက်စစ်ကလည်း ဂိုးရအောင် ကစားလာနိုင်တယ်။ ဒါကြောင့် အက်သလက်တီကိုအနေနဲ့ ဒီပွဲမှာလည်း ကစားရခက်နေဦးမယ် ထင်တယ်။ ဗလင်စီယာနဲ့ ဂိုးအများကို ရွေးကြည့်ထားချင်တယ်။


လက်စ်ပါမားစ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၂:၃၀ နာရီ)
ပထမအကျော့ အိမ်ကွင်းရှုံးကြွေးကို ပြန်ဆပ်ပြီး ထိပ်ဆုံးနေရာမြဲဖို့ ဘာစီလိုနာ ကြိုးစားလာလိမ့်မယ်။ ဘာစီလိုနာရဲ့ ဒီရာသီ ခြေစွမ်းကလည်း အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုငြိမ်နေသလိုပဲ။ ခုနောက်ပိုင်း လာလီဂါဘက်မှာလည်း ဘာစီလိုနာ အနိုင်ရရေးကိုပဲ ပိုဦးစားပေးကစားနေတယ်။ လက်စ်ပါမားစ်ကလည်း ဘာစီလိုနာကို အနိုင်ယူပြီးနောက်ပိုင်း ကစားပုံပြန်ကျနေတယ်။ ပွဲတိုင်းနီးပါးလည်း ဂိုးတွေပေးနေရပြီး နိုင်ပွဲပါပျောက်နေတာ တွေ့ရတယ်။ လက်ရှိ လက်စ်ပါမားစ်ခံစစ်ကစားပုံနဲ့ဆိုရင် ဘာစီလိုနာတိုက်စစ်ကို ထိန်းနိုင်ဖို့ အတော်လေးခက်ခဲနေဦးမှာ သေချာတယ်။ ဘာစီလိုနာက အဝေးကွင်းနောက်ဆုံး (၂) ပွဲမှာ ဗလင်စီယာနဲ့ ဆီဗီလာကို ဂိုးပြတ်အနိုင်ကစားထားတယ်။ ထိပ်ဆုံးနေရာကိုဆက်ထိန်းဖို့ ဒီပွဲကို ဘာစီလိုနာ အနိုင်ကစားလိမ့်မယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ရွေးထားရမယ်။

မူရင်းသတင်း — Eleven Media Group