Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ပါးမား - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၈:၃၀ နာရီ)
ပါးမားအသင်း နောက်ဆုံး(၄)ပွဲဆက်တိုက် အရေးနိမ့်ခဲ့တယ်။ ဘိုလော့ဂ်နာကလည်း အဝေးကွင်းနောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ပါးမားအသင်း သရေလောက်တော့ ခံကစားနိုင်လိမ့်မယ်။


ဗင်နီဇီယာ - လာဇီယို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၈:၃၀ နာရီ)
လာဇီယိုအသင်းက နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ အဝေးကွင်း(၅)ပွဲမှာ နာပိုလီအပါအဝင် (၄)ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဗင်နီဇီယာကတော့ အိမ်ကွင်းမှာ ထိပ်သီးအသင်းတွေကို ဒုက္ခပေးနိုင်လောက်တဲ့ အနေအထား မရှိပါဘူး။ လာဇီယိုပဲ နိုင်ဖို့ များတယ်။


တိုရီနို - အေစီမီလန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၁:၃၀ နာရီ)
အေစီမီလန်အသင်း မမျှော်လင့်ဘဲ ချန်ပီယံလိဂ်က ထွက်လိုက်ရတယ်။ ဒါကြောင့် အေစီမီလန်ရဲ့ရာသီကုန်ပစ်မှတ်က စီးရီးအေမှာ ထိပ်ဆုံးလေးသင်းဝင်ရေးနဲ့ ကိုပါအီတာလီယာချန်ပီယံဆုတွေပဲ ရှိတော့တယ်။ တိုရီနိုအသင်းက စီးရီးအေနောက်ဆုံး(၈)ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပေမဲ့ ရှုံးပွဲကလည်း တစ်ပွဲသာ ရှိခဲ့ပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ တိုရီနိုအသင်း အမှတ်မျှော်လင့်လို့ရတယ်။


အင်တာမီလန် - ဂျီနိုအာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
အင်တာမီလန်အသင်းက တကယ်အရေးကြီးချိန်ရောက်မှ ရလဒ်တွေ ကျဆင်းနေတယ်။ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတယ်ဆိုပေမဲ့ ထိပ်သီးပြိုင်ဘက်တွေနဲ့ လေးပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တာက ချန်ပီယံလောင်းလျာအသင်းတစ်သင်းအဖို့ မဖြစ်သင့်တဲ့ အနေအထားပါပဲ။ အင်တာတိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်၊ မားကပ်စ်သူရမ်နဲ့ တာရေမီတို့ကလည်း သွင်းဂိုးတွေ ပျောက်ဆုံးနေတယ်။ ဂျီနိုအာအသင်းက အဝေးကွင်းတွေမှာ အသင်းကြီးတွေမှာ ခုခံကစားနိုင်စွမ်း သိပ်မရှိပါဘူး။ အင်တာ ဂိုးပြတ်ဖို့များတယ်။

မူရင်းသတင်း — Eleven Media Group