Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဝုလ်ဖ်ဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်အသင်းက နောက်ဆုံးပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ကစားထားတယ်။ ဝုလ်ဖ်ဘတ်လည်း ခြေစွမ်းကောင်းလို့ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။


မိန့်ဇ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်အသင်းက အိမ်ကွင်း(၆)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားခဲ့ကာ (၅)ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဒီပွဲလည်း မိန့်ဇ်အသင်း နိုင်ပွဲရဦးမယ်။


မိုချန်ဂလာဘတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်အသင်းက (၃)ပွဲဆက်တိုက် သရေကျထားပေမဲ့ နောက်ဆုံး(၆)ပွဲ ရှုံးပွဲမရှိခဲ့ဘူး။ မိုချန်လည်း ရလဒ်ကောင်းနေပေမဲ့ အော့စ်ဘတ်ကို အရဲစွန့်ရွေးချယ်ချင်တယ်။


ဟော်စတိုင်ကီလ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်း ဘိုင်ယန်ကို အသာစီးကစားခဲ့ပြီးမှ သရေနဲ့သာ ကျေနပ်ခဲ့ရတယ်။ အမှတ်ကွာဟနေလို့ မျှော်လင့်ချက်က နည်းနေပေမဲ့ လေဗာကူဆင်အသင်းအဖို့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ဆောင်ဖို့ပဲ အာရုံစိုက်ကစားမယ် ထင်တယ်။ ဇယားအောက်ဆုံးရောက်သွားတဲ့ ဟော်စတိုင်ကီလ်က (၅)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ စွမ်းဆောင်ရည် သိပ်မဆိုးပါဘူး။ ဟော်စတိုင်ကီလ်နဲ့ စွန့်စားချင်တယ်။


ဒေါ့မွန် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၂:၀၀ နာရီ)
ဒေါ့မွန်အသင်းက နည်းပြသစ် နီကိုကိုဗက်လက်ထက် ဘွန်ဒစ်လီဂါနှစ်ပွဲစလုံး အရေးနိမ့်ထားတယ်။ အူန်ယွန်းဘာလင်ကတော့ လတ်တလောရလဒ်တွေ ပြန်ကောင်းလာနေတယ်။ ဒေါ့မွန်ပဲ အနိုင်ရမယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group