
လိုင်လီ - မိုနာကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီဖြစ်လို့ မိုနာကိုတို့ လီဂူးကို အပြည့်အဝပြန်အာရုံစိုက်လာဖို့ ရှိတယ်။ လိုင်လီက အိမ်ကွင်း မာတဲ့ အသင်းဖြစ်ပေမဲ့ ကစားပုံအရ မိုနာကို ပိုသာတယ်။ အဝေးကွင်းဖြစ်ပေမဲ့ မိုနာကို ကပ်နိုင်ဖို့ ရှိတယ်။
စိန့်အက်တီယန် - အန်ဂါစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၀၀:၃၀ နာရီ)
စိန့်အက်တီယန်က နောက်ဆုံး (၁၀) ပွဲမှာ (၁) ပဲ နိုင်ထားတယ်။ အန်ဂါစ်က ကစားပုံမာပေမဲ့ အဝေးကွင်းဆို စိတ်မချရသလိုဖြစ်နေတယ်။ အိမ်ကွင်းအားသာချက်ရှိတဲ့အပြင် အစဉ်အလာအရ အသာလေ့ရှိတဲ့ စိန့်အက်တီယန်ကို ရွေးချင်တယ်။
အော်ဇေး - မာဆေးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၂:၃၅ နာရီ)
မာဆေးလ်အနေနဲ့ ချန်ပီယံဆုကို ရယူဖို့ မဖြစ်နိုင်လောက် ဖြစ်သွားပေမဲ့ လီဂူးမှ အကောင်းဆုံး ရှေ့ဆက်နေတယ်။ ဂရင်းဝုဒ် လည်း ဂိုးသွင်းခြေ ပြန်ရလာတာကို တွေ့ရတယ်။ အော်ဇေးအိမ်ကွင်း ဖြစ်ပေမဲ့ မာဆေးလ် ဂိုးပြတ်နိုင်ပွဲရဦးမှာပါ။