Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

Photo: AFP

နယူးကာဆယ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈:၃၀ နာရီ)
နယူးကာဆယ်ရဲ့ အိမ်ကွင်းနဲ့ ပြိုင်ဘက်အသင်းကြီးဆိုတဲ့ ပွဲတွေက တော်တော်လေး အကြိတ်အနယ်ဖြစ်တတ်တယ်။ နော်တင်ဟမ်ဖောရက်စ်ကလည်း အခုအချိန်မှာအသင်း ကြီးလို့ ပြောရမယ့် ခြေစွမ်းနဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက် ပွဲအတွက် အသင်း (၂)သင်းထိပ်တိုက်တွေ့တဲ့ နောက်တစ်ပွဲဖြစ်ပြီး ဒီပွဲတော့ နယူးကာဆယ်ကို ကြိုက်မိတယ်။


မန်စီးတီး - လီဗာပူးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၁:၀၀ နာရီ)
လီဗာပူးလ်က ဒီပွဲမတိုင်ခင်မှာ ပွဲကျပ်တစ်ပွဲဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ကစားခဲ့ရပြီး သရေကျခဲ့တယ်။ ဒါကြောင့် ဒီပွဲက လီဗာပူးလ်အတွက် နိုင်ပွဲယူဖို့ အရေးကြီးတဲ့ပွဲပါ။ မန်စီးတီးကလည်း ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်လိုပဲ ပွဲကျပ်ကစားထားတယ်။ ရီးယဲလ်မက်ဒရစ်ကို ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာလိုက်ရလို့ ဒီပွဲက သူတို့အတွက်လည်း အရေးကြီးတဲ့ပွဲဖြစ်တယ်။ ဒါပေမဲ့ ရမှတ်လိုအပ်ချက်အရ ကြည့်ရင် Top 4၊ Top 5 ကို သေချာပေါက်ဝင်မယ့် အခြေအနေမှာ ရှိနေတဲ့ မန်စီးတီးထက် ချန်ပီယံဖြစ်ဖို့ အသည်းအသန်ဖြစ်နေတဲ့ လီဗာပူးလ်က ပိုပြီး အမှတ်လိုအပ်ပါတယ်။ လက်ရှိခြေစွမ်းအရလည်း လီဗာပူးလ်က ပိုစိတ်ချရတယ်။ လီဗာပူးလ်ကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group