
ဘီလ်ဘာအို - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၇:၃၀ နာရီ)
လက်ရှိခြေစွမ်းအရ ဘီလ်ဘာအိုအတွက် စိုးရိမ်စရာမရှိနိုင်တဲ့ ပွဲပါပဲ။ အိမ်ကွင်းနောက်ဆုံး (၂) ပွဲမှာ (၁) ပွဲ၊ (၃) ဂိုးရထားတဲ့ ဘီလ်ဘာအိုတိုက်စစ်ကလည်း အဝေးကွင်းအားနည်းပြီး ရှုံးပွဲတွေလည်း ဆက်နေတဲ့ ဗယ်လာဒိုလစ်ဘက်ကို ဂိုးရအောင်ကစားနိုင်ဖို့ မခက်လောက်ဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ကောင်းမယ်။
ရီးယဲလ်မက်ဒရစ် - ဂျီရိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၉:၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ လာလီဂါမှာ နောက်ဆုံး (၃) ပွဲဆက် နိုင်ပွဲပျောက်ပြီး ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရသလို၊ ဒိုင်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြဿနာ ဖြစ်နေတယ်။ ဒဏ်ရာပြဿနာတွေကြားမှာ ဘယ်လင်ဟမ်ပါ ပွဲပယ်ခံလိုက်ရလို့ အသင်းအင်အားကို ထိခိုက်မှုရှိနိုင်တယ်။ ဒါပေမဲ့ ထိပ်ဆုံးနေရာကို ပြန်ယူနိုင်ဖို့နဲ့ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့တော့ ရီးယဲလ်မက်ဒရစ် ပြန်ကြိုးစားလာမှာ သေချာပါတယ်။ ဂျီရိုနာက ခြေစွမ်းကျဆင်းနေတဲ့အပြင် အစဉ်အလာအရလည်း ရီးယဲလ်မက်ဒရစ်ကို ယှဉ်နိုင်လေ့မရှိဘူး။ လက်ရှိခြေစွမ်းအရလည်း အားရစရာ သိပ်မရှိလှဘူး။ အဝေးကွင်း အားနည်းနေသေးတဲ့အပြင် ခံစစ်ပိုင်းကလည်း တောက်လျှောက် ဂိုးတွေခွင့်ပြုနေရပုံနဲ့တော့ ရီးယဲလ်ကို တားဆီးနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ရီးယဲလ်နဲ့ ဂိုးအများပဲ ကောင်းလိမ့်မယ်။
ဂီတာဖေး - ဘက်တစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၂:၀၀ နာရီ)
ဂီတာဖေး ခြေမှန်လာနေတယ်။ နဂိုကလည်း အိမ်ကွင်းကစားပုံ ပိုမာကျောလေ့ရှိတယ်။ ဘက်တစ်ကလည်း အန်တိုနီ ရောက်လာပြီးမှ ဂိုးတွေလည်း ပြန်မြူးနေတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ အဝေးကွင်းမှာ သိပ်စိတ်မချရသေးဘူး။ နောက်ပြီး ဥရောပပွဲတွေနဲ့ ပွဲဆက်များနေချိန်လည်း ဖြစ်လို့ မာကျောတဲ့ ဂီတာဖေးကို ယှဉ်နိုင်မယ့် ခွန်အားပိုင်းမှာ အားလျော့နေနိုင်တယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ရွေးထားသင့်တဲ့ပွဲလို့ ထင်တယ်။
ဆိုစီဒက် - လီဟာနက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၂:၃၀ နာရီ)
လီဟာနက်စ် ခြေစွမ်းကျနေပြီး ခံစစ်ကစားပုံလည်း သိသိသာသာကို လျော့နေတယ်။ ဒီခြေစွမ်းနဲ့တော့ ဆိုစီဒက်ကို အဝေးကွင်းမှာ ယှဉ်နိုင်ဖို့ မရှိဘူး။ ဆိုစီဒက်နဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။