Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ကိုမို - နာပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၆:၀၀ နာရီ)
နာပိုလီအသင်း နောက်ဆုံး(၃)ပွဲဆက်တိုက် သရေကျခဲ့ပြီး အမှတ်တွေ ဆုံးရှုံးနေတယ်။ လာမယ့်အပတ်မှာလည်း အင်တာမီလန်နဲ့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးလောက်တဲ့ပွဲကို ကစားရဦးမယ်။ ဒါကြောင့် အခုပွဲမှာ နာပိုလီအသင်း အမှားအယွင်းဖြစ်ခဲ့ရင် အင်တာနဲ့ပွဲအတွက် ဖိအားပိုများသွားနိုင်တယ်။ ကိုမိုအသင်းက တန်းတက်အသင်းဆိုပေမဲ့ ဒီရာသီမှာ အသင်းကြီးတွေကို ခြိမ်းခြောက်နိုင်စွမ်းရှိနေတာ တွေ့ရတယ်။ လတ်တလောမှာ ကိုမိုတိုက်စစ်ပိုင်းက နီကိုပက်ဇ်၊ ဒိုင်အိုတို့လည်း ခြေစွမ်းပြနေတယ်။ ကိုမိုနဲ့ပဲ စွန့်စားချင်တယ်။


ဗီရိုနာ - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈:၃၀ နာရီ)
ဖီအိုရင်တီးနားအသင်း (၃)ပွဲဆက် အနိုင်ရပြီးမှ (၂)ပွဲဆက် ပြန်ရှုံးထားတယ်။ ဗီရိုနာကလည်း အိမ်ကွင်းမှာတောင် နိုင်ပွဲပျောက်နေတာ (၆)ပွဲလောက် ရှိနေပါပြီ။ ဗီရိုနာ သရေတော့ ရနိုင်တယ်။


အမ်ပိုလီ - အတ္တလန်တာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၁:၃၀ နာရီ)
အတ္တလန်တာအသင်းက အမ်ပိုလီနဲ့ စီးရီးအေတွေ့ဆုံမှု နောက်ဆုံး(၅)ပွဲဆက် အနိုင်ရခဲ့တယ်။ အတ္တလန်တာအသင်းအနေနဲ့ လတ်တလောမှာ အိမ်ကွင်းနဲ့ အဝေးကွင်း ပြောင်းပြန်ဖြစ်နေပြီး အဝေးကွင်းရလဒ်တွေ အတော်ကောင်းနေပါတယ်။ အတ္တလန်တာ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။


ကာဂလီယာရီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်က ထွက်လိုက်ရပြီဖြစ်လို့ ပြည်တွင်းပွဲတွေကို ပိုအာရုံစိုက်လာနိုင်တယ်။ ထိပ်ဆုံးက နာပိုလီအသင်းနဲ့ (၁၀)မှတ်အထိ ကွာဟနေပေမဲ့ ချန်ပီယံမျှော်လင့်ချက်ရေးရေးတော့ ရှိနေသေးတယ်။ ဂျူဗင်တပ်စ်အသင်းမှာ တိုက်စစ်မှူး မူအာနီ အဖွင့်(၃)ပွဲဆက် ဂိုးသွင်းပြီးနောက် (၃)ပွဲဆက် ဂိုးပေါက်ပြန်ပျောက်ထားတယ်။ ကာဂလီယာရီကအသင်း ကြီးတွေကို မယှဉ်နိုင်လို့ ဂျူဗင်တပ်စ်ပဲ နိုင်ဖို့များတယ်။

မူရင်းသတင်း — Eleven Media Group