Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

လိုက်ပ်ဇစ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၉:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်း နောက်ဆုံး(၅)ပွဲဆက်တိုက် ရှုံးပွဲမရှိ ခဲ့ပေမဲ့ (၄)ပွဲအထိ သရေကျခဲ့ရတယ်။ ဟိုင်းဟိုင်အသင်းကလည်း လတ်တလော ရှုံးပွဲဆက်နေတဲ့အသင်းပါ။ လိုက်ပ်ဇစ်ပဲ ကြိုက်တယ်။


ဘိုင်ယန်မြူးနစ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်နဲ့အတွေ့မှာ နိုင်ပွဲဆက်နေမှု ရပ်တန့်သွားတယ်။ ဒါပေမဲ့ ဘိုင်ယန် ဒီပွဲသာ အနိုင်ရခဲ့ရင် ဘွန်ဒစ်လီဂါမှာ ဒုက္ခပေးနိုင်လောက်တဲ့အသင်း မရှိသလောက် ဖြစ်သွားလိမ့်မယ်။ ထိပ်တိုက်တွေ့ဆုံတွေမှာတော့ ဘိုင်ယန်အသင်း နောက်ပိုင်း သိပ်အသာစီး မရတော့ပါဘူး။ နောက်ဆုံး(၈)ပွဲတွေ့ဆုံမှာ နှစ်သင်းစလုံး (၃)ပွဲစီ အနိုင်ရထားပြီး (၂)ပွဲ သရေကျခဲ့တယ်။ ဖရန့်ဖတ်အသင်းကတော့ သရေပွဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့ပြီးမှ နောက်ဆုံးပွဲမှာ အနိုင်ပြန်ရထားတာ တွေ့ရတယ်။ ဘိုင်ယန်အသင်းပဲ ရွေးချယ်တာ ပိုကောင်းမယ်။


ဟော်ဖန်ဟင်မ် - စတုဂတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁:၀၀ နာရီ)
နှစ်သင်းစလုံးရဲ့ခြေစွမ်းက မှန်းဆရခက်တဲ့ အသင်းတွေဖြစ်ပြီး စတုဂတ်က ရပ်တည်မှု အတော်သာတယ်။ ဒါပေမဲ့ လက်ရှိပုံစံနဲ့ အိမ်ရှင် အမှတ်ရသွားနိုင်တယ်။

မူရင်းသတင်း — Eleven Media Group