
နန့်စ် - လန်းစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈:၃၀ နာရီ)
နန့်စ်ရဲ့တိုက်စစ်က ပွဲတိုင်းနီးပါး ဂိုးရပေမဲ့ ခံစစ်ကလည်း နောက်ဆုံး (၈) ပွဲဆက် ဂိုးပေးထားရတယ်။ လန်းစ်ရဲ့ ရလဒ်ပိုင်းက အားရစရာမဟုတ်ပေမဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တာကြောင့်ပါ။ ဒီပွဲတော့ လန်းစ်တို့ အနိုင်ရလိမ့်မယ်။
လူအယ်ဗာ - တူးလူး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၀:၄၅ နာရီ)
လူအယ်ဗာက တန်းဆင်းဇုန်က ရုန်းထွက်ဖို့ အားထုတ်နေပေမဲ့ ရလဒ်တွေ ကောင်းမလာသေးဘူး။ တူးလူးကလည်း တောက် လျှောက် ခြေကျနေလို့ ဒီပွဲမှာ လူအယ်ဗာ အမှတ်ရမယ်ထင်တယ်။
စထရာဘိုး - ဘရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၀:၄၅ နာရီ)
ခြေစွမ်းကောင်းတဲ့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံနေလို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေတယ်။ ဒါပေမဲ့ အစဉ်အလာပိုင်းအရ အားသာလေ့ရှိတဲ့ ဘရက်စ်ကိုပဲ ရွေးထားရမယ်ထင်တယ်။
နိုက်စ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက် ည ၁၀:၄၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုက်စ်တို့ အမှားခံဖို့ မရှိဘူး။ ဇယားအောက်ဆုံးက မောင့်ပယ်လီယာအနေနဲ့ နိုက်စ်ကို ခံကစားနိုင်ဖို့ မရှိလို့ အိမ်ရှင်နဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။
လိုင်ယွန် - PSG (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
PSG က လီဂူးနောက်ဆုံး (၈) ပွဲမှာ (၇) ပွဲအထိ အနိုင်ရထားပြီး (၁) ပွဲသရေကျထားတယ်။ လီဂူးမှာတော့ PSG ကို လူအင်အားအရရော၊ ကစားကွက်အရ ဘယ်အသင်းမှ မယှဉ်နိုင်ဘူး။ လိုင်ယွန်က (၆) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီးမှ နောက်ဆုံး (၂) ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရထားတယ်။ တိုက်စစ်မှာ လာကာဇက်လည်း ပြန်ပါနေပြီဖြစ်လို့ ဂိုးသွင်းအား ပိုကောင်းနေတယ်။ PSG အနေနဲ့ ဘရက်စ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရလို့ ပွဲပန်းနိုင်တာကို သတိထားရမယ်။ ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲဆက် တွေ့ဆုံမှုမှာ ရှုံးနိမ့်ထားတာကို လိုင်ယွန်လက်စားချေဖို့ ကြိုးစားလိမ့်မယ်။ လိုင်ယွန်ကို ပိုကြိုက်တယ်။