Eleven Media Group

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အာဆင်နယ်အသင်း၏ ဂျပန်လက်ရွေးစင်နောက်ခံလူ တော်မီယာဆု ရာသီကုန်အထိ အနားယူရမည်

Photo: Football Insider

အာဆင်နယ်အသင်း၏ ဂျပန်လက်ရွေးစင်နောက်ခံလူ တော်မီယာဆုသည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

တော်မီယာဆု (၂၆ နှစ်) သည် ရာသီကြို ကာလကတည်းက ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လအတွင်း ကနဦးခွဲစိတ်မှု ပြုလုပ်ခဲ့သည်။

ထို့နောက် တော်မီယာဆုသည် အောက်တိုဘာလအတွင်း ဆောက်သမ်တန်နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လူစားဝင်အဖြစ် (၆)မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့ပြီး ယင်းနောက်ပိုင်း ပြန်လည်အနားယူနေရသည်။

တော်မီယာဆု၏ဒဏ်ရာမှာ ထပ်မံခွဲစိတ်ခဲ့ရခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများကဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group