Eleven Media Group

ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်အား လာမည့် နွေရာသီတွင် ရောင်းထုတ်ရန် ဂျူဗင်တပ်စ်အသင်း အသင့်ရှိ

Photo: Getty Images

ဂျူဗင်တပ်စ်အသင်းသည် အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်အား လာမည့် နွေရာသီတွင် ရောင်းထုတ်ရန် အသင့်ရှိနေကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်သည် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး မူအာနီ ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။

ထို့ပြင် ဗလာဟိုဗစ်၏လက်ရှိစာချုပ်မှာ ၂၀၂၆ တွင်ကုန်ဆုံးမည်ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းက ၎င်းကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ဗလာဟိုဗစ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများက အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။

ဗလာဟိုဗစ်သည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားထားပြီး ၁၃ ဂိုးသွင်းယူပေးထားသည်။

မူရင်းသတင်း — Eleven Media Group