Eleven Media Group

လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်ပင် အသင်း၏ အဓိကကစားသမားများကို နယူးကာဆယ် ဆက်ထိန်းမည်

Photo: Getty Images

နယူးကာဆယ်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်ပင် အသင်း၏အဓိကကစားသမားများကို ဆက်ထိန်းသွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) စနေညပွဲစဉ်များအပြီးတွင် ရမှတ် (၄၁)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေသည်။

နယူးကာဆယ်အသင်းသည် အဆင့် (၄)မှ မန်စီးတီး(၄၄ မှတ်)နှင့် (၃) မှတ်ကွာဟနေပြီး လာမည့် ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်ရဖွယ်ရှိနေသည်။

လက်ရှိတွင် နယူးကာဆယ်အသင်း၏ဘဏ္ဍာရေးမှာ အဆင်ပြေနေပြီး PSR စည်းမျဉ်းနှင့်လည်း ကိုက်ညီသည့်အတွက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့လျှင်ပင် အဓိကကစားသမားများကိုရောင်းချမည်မဟုတ်ကြောင်း သိရသည်။

သို့သော် နယူးကာဆယ်အသင်းမှ အဓိက ကစားသမားများဖြစ်သည့် အီဆက်ခ်နှင့် ဂီမာရေ့စ်တို့မှာ အသင်းကြီးများပစ်မှတ်ထားနေသော ကစားသမားများဖြစ်ကြပြီး အသင်းတွင်ဆက်ထိန်းနိုင်ရန်မလွယ်ကူကြောင်းလည်း သတင်းများကဖော်ပြခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group