
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်အား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချမှတ်ထားသော ဘောလုံးနှင့်ပတ်သက်ခွင့် သုံးနှစ်ပိတ်ပင်သည့်ပြစ်ဒဏ်ကို ဖြေလျှော့ခြင်းမပြုရန် အားကစားခုံရုံး (CAS) က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရူဘီယာလက်စ်သည် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် ချန်ပီယံ စပိန်အသင်းကစားသမား ဟာမိုဆို၏ နှုတ်ခမ်းကိုနမ်းခဲ့သောကြောင့် FIFA က ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် ဘောလုံးနှင့်ပတ်သက်ခွင့် သုံးနှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့သည်။
၎င်းက ပြစ်ဒဏ်ကို FIFA အယူခံကော်မတီထံ အယူခံဝင်သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် ပယ်ချခံရသဖြင့် CAS ထံ ထပ်မံ၍ အယူခံဝင်ထားခြင်းဖြစ်သည်။
သို့သော် ၎င်းအား ချမှတ်ထားသော ပြစ်ဒဏ်မှာ ကျိုးကြောင်းဆီလျော်မှုရှိသဖြင့် ဖြေလျှော့ခြင်းမပြုကြောင်း CAS က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် စပိန်တရားရုံးချုပ်ကလည်း ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့ခြင်းအတွက် ရူဘီယာလက်စ်အား ယူရို ၁၀၈၀၀ ချမှတ်ရန် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။