အသက်(၄၅)နှစ်ရှိပြီဖြစ်တဲ့ မန်ယူကစားသမားဟောင်း ဝက်စ်ဘရောင်းက ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း Instagramမှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ သူရယ်၊ အမျိုးသမီးတစ်ယောက်ရယ်၊ ဝိုင်ခွက်တစ်ခွက်ရယ် ပါဝင်တဲ့ပုံပေါ်မှာ Happy Birthday babes x ဆိုတဲ့စာ ရေးသားထားတဲ့ ပို့စ်ပါ။ ရိုးရိုးလေးပါပဲ။ သူ့နံဘေးမှာ ရှိနေတဲ့ အမျိုးသမီးလေးအတွက် မွေးနေ့ဆုတောင်းပေးတဲ့ ပို့စ်ပဲပေါ့။ ဒါပေမဲ့ ပရိသတ်အများစုက အဲဒီလိုအမျိုးသမီးကို မသိကြပါဘူး။ ဝက်စ်ဘရောင်းနဲ့တွဲပြီး သူတို့သိထားတဲ့ အမျိုးသမီးက သူ့ရဲ့ဇနီးဟောင်း လန်နီဝက်စ်ဆဲလ်ပါ။ အခု ဝက်စ်ဘရောင်း မွေးနေ့ဆုတောင်းပေးခဲ့တာက သူ့ရဲ့အချစ်သစ် အေမီ ဖြစ်ပါတယ်။

ဝက်စ်ဘရောင်းမှာ စိတ်ဝင်စားစရာ ဘောလုံးကွင်းပြင်ပ ဘဝတစ်ခုရှိပါတယ်။ ဝက်စ်ဘရောင်းက မန်ယူအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းတစ်ယောက်ပါ။ သူက မန်ချက်စတာမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက်(၁၂)နှစ်အရွယ်မှာပဲ မန်ယူအကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အသင်း ကြီးအတွက် ပရီးမီးယားလိဂ်ပွဲ စကစားခွင့်ရခဲ့ပါတယ်။ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၆၂)ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၅)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်၊ FA ဖလားနဲ့ လိဂ်ဖလား(၂)ကြိမ်စီ ရရှိခဲ့ပါတယ်။ မန်ယူအသင်းဖလား(၃)လုံးအောင်ပွဲ ရရှိရာမှာလည်း ပါဝင်ခဲ့သူပါ။ ဒါကြောင့် မန်ယူအသင်းရဲ့ ခေတ်ကောင်းကို မီခဲ့သူ၊ မန်ယူအသင်း ပရီးမီးယားလိဂ်ကို ကြီးစိုးခဲ့ချိန်မှာ ပါဝင်ဖြတ်သန်းခွင့်ရခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။ ဝက်စ်ဘရောင်းက မန်ယူအသင်းရဲ့ လစာကောင်းတဲ့ ကစားသမားစာရင်းမှာလည်း ပါဝင်ခဲ့ပြီး တစ်ပတ်ပေါင်(၅၀၀၀၀)ရရှိခဲ့ဖူးသူဖြစ်တာကြောင့် သူ့ခေတ်သူ့အခါအရ ဝင်ငွေနဲ့ရော ကျော်ကြားမှုနဲ့ပါ မိန်းကလေးတွေကို ဆွဲဆောင်နိုင်သူဖြစ်ခဲ့ပါတယ်။ ဝက်စ်ဘရောင်းက မန်ယူအသင်းမှာ နေရာရလာပြီး သိပ်မကြာခင်မှာပဲ ရုပ်သံမော်ဒယ်တစ်ယောက်ဖြစ်တဲ့ လန်နီဝက်စ်ဆဲလ်နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ ၂၀၀၉ မှာမှ လက်ထပ်ခဲ့ပေမဲ့ သူတို့တွဲခဲ့တာ နှစ် (၂၀)ကျော်ခဲ့ပြီး သမီး(၃)ယောက်လည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ လန်နီဝက်စ်ဆဲလ်ရဲ့ တစ်ယောက်တည်းနေချင်တယ်ဆိုတဲ့ တောင်းဆိုမှုကြောင့် လမ်းခွဲခဲ့ရပါတယ်။
တကယ်တော့ အဲဒီအချိန်က ဝက်စ်ဘရောင်းအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရချိန်ပါ။ သူ့ရဲ့ လွဲမှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပိုင်ဆိုင်ထားတာတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံး လူမွဲစာရင်း အသွင်းခံရတဲ့အထိ ဆိုးရွားခဲ့တာပါ။ ဒီလိုအလားအလာကို ကြိုမြင်တာကြောင့်လည်း လန်နီဝက်စ်ဆဲလ်က သူနဲ့ ဝေးရာကို ပြေးထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဝက်စ်ဘရောင်းကတော့ ဝင်ငွေကောင်းနေတဲ့ လူငယ်တစ်ယောက်ဆီ တိုးဝင်လာတဲ့လူတွေ အများကြီးရှိခဲ့ပေမဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုပေးနိုင်တဲ့သူ မရှိခဲ့တာကြောင့် သူ ဘဝပျက်ခဲ့ရခြင်းဖြစ်တယ်လို့ နောက်ပိုင်းမှာ သုံးသပ်ပြောကြားခဲ့ပါတယ်။ အဲဒီလို ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြန်လည်ထူမတ်နိုင်ဖို့ ကြိုးစားနေတဲ့ ဝက်စ်ဘရောင်းကို ဖေးကူခဲ့သူကတော့ အေမီပါ။ အလှဆင်ပစ္စည်းတွေ ရောင်းချမှုပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ အေမီနဲ့ ဝက်စ်ဘရောင်းတို့ တွဲနေတာ တစ်နှစ်လောက်ရှိပြီလို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ အခုတော့ ဝက်စ်ဘရောင်းက မွေးနေ့ဆုတောင်းပို့စ်နဲ့အတူ သူ့မှာ အချစ်သစ်ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာဖြစ်ပါတယ်။ ဗြိတိန်မီဒီယာ တွေကတော့ ဝက်စ်ဘရောင်းရဲ့ အချစ်သစ် အေမီက အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ရဲ့ ဇနီးဟောင်း ချယ်ရီကိုးလ်နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ညွှန်းဆိုနေကြပါတယ်။ ပရိသတ်တွေကတော့ ချယ်ရီကိုးလ်နဲ့ အက်ရှ်လေကိုးလ်တို့လို လမ်းခွဲ ဇာတ်သိမ်းရတာမျိုး မဖြစ်စေလိုဘဲ ဝက်စ်ဘရောင်းအတွက် အကောင်းဆုံးလက်တွဲဖော်အသစ် ဖြစ်လာစေဖို့ လိုလားနေကြပါတယ်။