Eleven Media Group

ဂီတသူရဲကောင်းနှင့် တွေ့ဆုံခြင်း (Life)

Photo : X

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ပါလ်မာက သူ့ရဲ့ ဂီတသူရဲကောင်း ဗိုက်ဇ်ကာ တယ်လ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပုံရိပ်တွေကို Instagram ကတစ်ဆင့် ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ ဗိုက်ဇ်ကာတယ်လ်ဆိုတာက ဂျမေကာနိုင်ငံရဲ့ အကျော်ကြားဆုံး ဂီတအနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ထောင်က လွတ်လာတာပါ။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ပါလ်မာက သူ့ရဲ့ ဂီတသူရဲကောင်း ဗိုက်ဇ်ကာ တယ်လ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပုံရိပ်တွေကို Instagram ကတစ်ဆင့် ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ ဗိုက်ဇ်ကာတယ်လ်ဆိုတာက ဂျမေကာနိုင်ငံရဲ့ အကျော်ကြားဆုံး ဂီတအနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ထောင်က လွတ်လာတာပါ။ သူ့ရဲ့နာမည်ရင်းက အဒစ်ဂျာပါလ်မာဖြစ်ပြီး လူသတ်မှုစွဲချက်နဲ့ ၂၀၁၄ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး (၁၀)နှစ်ကျော် ကြာမြင့်တော့မှ သူ့ရဲ့ ကျန်းမာရေးအခြေအနေအရ ဆက်ပြီးထောင်ဒဏ်ချမှတ်မခံရသင့်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ထောင်က လွတ်မြောက်လာတဲ့ ဗိုက်ဇ်ကာတယ်လ်နဲ့ ကိုးလ်ပါလ်မာတို့ လန်ဒန်က ဂျပန်စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ကြတာပါ။

ဂီတဝါသနာပါတဲ့ ကိုးလ်ပါလ်မာက ဗိုက်ဇ်ကာတယ်လ်နဲ့ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ပြီး သူ့သီချင်းထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ကိုးလ်ပါလ်မာကက အင်္ဂလန်မှာမွေးပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပေမဲ့ သူ့အဘိုးက ကာရစ်ဘီယန်ကျွန်းတွေဘက်က ဆင်းသက်လာခဲ့သူပါ။ ဒါကြောင့် ကိုးလ်ပါလ်မာက အဘိုးဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ စိန့်ကစ်စ်နိုင်ငံရဲ့အလံကို သူ့ရဲ့ဘောကန်ဖိနပ်မှာ ဖော်ပြဂုဏ်ပြုလေ့ရှိပါတယ်။ ဗိုက်ဇ်ကာတယ်လ်ကလည်း ကာရစ်ဘီယန်ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျမေကာက ဖြစ်တာကြောင့် ကိုးလ်ပါလ်မာက ရင်ဘတ်နဲ့ အားပေးနေခြင်းဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ဂီတသူရဲကောင်းနဲ့ ဆုံတွေ့ခွင့်၊ နှုတ်ဆက်ခွင့် ရရှိခဲ့ပါပြီ။ ကိုးလ်ပါလ်မာ ဘယ်လောက်အထိ ပျော်ရွှင်ဂုဏ်ယူနေလိုက်မလဲ။ သူတင်ထားတဲ့ ပုံတွေထဲမှာတော့ ရှက်တတ်ပုံရတဲ့ ကိုးလ်ပါလ်မာကို ပီတိအပြုံးနဲ့အတူ မနေတတ်မထိုင်တတ် ဖြစ်နေ သလိုသာ မြင်တွေ့ခဲ့ရပါတယ်။

မူရင်းသတင်း — Eleven Media Group