Eleven Media Group

စီးရီးအေ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

ရိုးမား နှင့် မွန်ဇာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ရိုးမားအသင်းက စီးရီးအေနောက်ဆုံး(၉)ပွဲဆက် ရှုံးပွဲမရှိတဲ့အထိ အသင်းရလဒ်ပိုင်း တည်ငြိမ်လာတယ်။ မွန်ဇာအသင်း တစ်ကျော့ပြန် နက်စတာလက်ထက် အမှတ်စရခဲ့ပေမဲ့ ဒီထက်ပိုမျှော်လင့်လို့ မရပါဘူး။ ရိုးမားပဲ ရွေးချယ်ချင်တယ်။

ဆီဗီလာ နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဒီနှစ်သင်းမှာ ဆီဗီလာက လတ်တလော ခြေစွမ်းပိုငြိမ်နေသလိုပဲ။ မာယော့ကာကတော့ ကစားပုံအနည်းငယ် ပြန်ကျသွားပြီး ခံစစ်ပိုင်းလည်း လျော့နေတယ်။ နောက်ပြီး ဆီဗီလာကိုလည်း အစဉ်အလာအရ အဝေးကွင်းမှာ ယှဉ်နိုင်စွမ်းအားနည်းလေ့ရှိလို့ ဆီဗီလာကိုပဲ ရွေးထားချင်တယ်။ ဂိုးများနိုင်တယ်။

မူရင်းသတင်း — Eleven Media Group