Eleven Media Group

ဘွန်ဒစ်လီဂါသမိုင်းတွင် အဝေးကွင်းပွဲဆက်အများဆုံး ရှုံးပွဲမရှိသည့်နည်းပြအဖြစ် အလွန်ဆို စံချိန်တင်

Photo: Leverkusen

လေဗာကူဆင်နည်းပြ အလွန်ဆိုသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် အဝေးကွင်း ပွဲဆက်အများဆုံး ရှုံးပွဲမရှိသည့်အသင်းအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရှိရသည်။
လေဗာကူဆင်အသင်းသည် စနေနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါအဝေးကွင်းပွဲစဉ်တွင် အိမ်ရှင် ဟော်စတိုင်ကီလ်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် နည်းပြ အလွန်ဆိုလက်ထက်တွင် ဘွန်ဒစ်လီဂါအဝေးကွင်း (၂၈) ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့သည်။
ထို့ကြောင့် အလွန်ဆိုသည် ၁၉၉၂ ခုနှစ်က ဘွန်ဒစ်လီဂါသမိုင်းတွင် အဝေးကွင်း (၂၇) ပွဲဆက် ရှုံးပွဲမရှိကစားပြီး စံချိန်တင်ထားသည့် ဂန္ထဝင်နည်းပြ လက်တက်ခ်၏စံချိန်ကို (၁) ပွဲအသာဖြင့် ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
အလွန်ဆိုသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆုနှင့် ဂျာမန်ဖလားများအား ရှုံးပွဲမရှိစံချိန်ဖြင့် ရယူပေးခဲ့သူလည်းဖြစ်သည်။
ထို့ပြင် အလွန်ဆိုသည် လေဗာကူဆင်အသင်းကို ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၅၁)ပွဲဆက်တိုက် ရှုံးပွဲမရှိရလဒ်ရရှိအောင် ဦးဆောင်ပေးခဲ့ပြီး ဥရောပတွင် ပွဲဆက်အများဆုံး ရှုံးပွဲမရှိကစားနိုင်သည့်အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့သူလည်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group