
မြန်မာကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ ကျော်မင်းဦးပါဝင်ကစားနေသည့် PDRM အသင်းသည် ယခုရာသီ MFL Challenge Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆီလန်ဂေါအသင်းကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့ကာ ဖလားလက်လွှတ်ခဲ့ရကြောင်း သိရသည်။
ကျော်မင်းဦး၏ PDRM အသင်းသည် MFL Challenge Cup ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၅၊ ၂၂ ရက်များတွင် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ကျော်မင်းဦး၏ PDRM အသင်းသည် ဗိုလ်လုပွဲ ပထမအကျော့အဖြစ် အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ဆီလန်ဂေါအသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ကျော်မင်းဦး၏ PDRM အသင်းသည် ဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း အိမ်ကွင်းတွင် ဆီလန်ဂေါအသင်းကို(၀-၄) ဂိုးဖြင့် ထပ်မံရှုံးနိမ့်ပြီး ဖလားလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာကွင်းလယ်တိုက်စစ်ကစားသမား ကျော်မင်းဦးသည် ယင်းဗိုလ်လုပွဲနှစ်ကျော့စလုံးတွင် PDRM အသင်း၌ ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။
ကျော်မင်းဦး၏ PDRM အသင်းသည် ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားအဆင့် (၈) နေရာတွင် ရပ်တည်နေလျက်ရှိကြောင်း သိရသည်။