
◘ ဘာစီလိုနာ - အက်သလက်တီကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၃:၀၀ နာရီ)
အခုရာသီ လာလီဂါပြိုင်ပွဲ နူးကမ့်ကွင်းမှာ တွေ့ဆုံခဲ့တုန်းက အက်သလက်တီကိုအသင်း ဘာစီလိုနာကို အနိုင်ကစားခဲ့တယ်။ အက်သလက်တီကိုတိုက်စစ်က ဂရီးဇ်မန်း၊ အယ်လ်ဗာရက်ဇ်တို့အတွဲကို ဆက်တိုက်သုံးနေပြီး ယုံကြည်အားထားရတဲ့ အနေအထားလည်း ရှိနေတယ်။ ဘာစီလိုနာကတော့ အဓိက တိုက်စစ်သုံးယောက်တွဲဖြစ်တဲ့ လီဝန်ဒေါစကီး၊ ယမားလ်နဲ့ ရာဖင်ညာတို့ ခြေစွမ်းမပြနိုင်ရင်တောင် အစားထိုးနိုင်စရာကစားသမားတွေ ပိုလျှံနေတယ်။ ဒီအခြေအနေကို နောက်ဆုံးကစားခဲ့တဲ့ လက်စ်ပါမားစ်နဲ့ပွဲမှာလည်း ထပ်မံသက်သေပြထားပြီးသားဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ခံစစ်ပိုင်းက လတ်တလောမှာ စိတ်ချရတဲ့အဆင့်ထက်ပိုတဲ့ အနေအထားရောက်နေတယ်။ နူးကမ့်ကွင်းမှာ ကစားရတာလည်းဖြစ်လို့ ဘာစီလိုနာအသင်းပဲ နိုင်ဖို့များတယ်။
◘ အင်တာမီလန် - လာဇီယို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂:၃၀ နာရီ)
အင်တာအသင်း ဒီဇင်ဘာလက လာဇီယိုကွင်းမှာ ကစားခဲ့တုန်းကတော့ ဂိုးဒါဇင်ဝက်သွင်းကာ အနိုင်ယူထားခဲ့တယ်။ အင်တာကွင်းမှာလည်း အိမ်ရှင်အသင်းကသာ အပြတ်အသတ် အသာစီးရထားတယ်။ တိုက်စစ်ပိုင်းက လော်တာရိုမာတီနက်ဇ် ဂိုးပေါက်ပြန်တွေ့ထားပေမဲ့ အရင်လိုအနေအထားမျိုးတော့ ပြန်မရောက်သေးဘူး။ စီးရီးအေမှာ ဇယားထိပ်ဆုံးရောက်သွားပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားလောက်တက်ဖို့ အခြေအနေကောင်းနေလို့ အင်တာအသင်း ပြည်တွင်းဖလားကို
ဘယ်လိုကစားမလဲ စောင့်ကြည့်ရမယ်။ အင်တာအသင်း ဂိုးပြတ်နိုင်ဖို့တော့ မရှိဘူး။
◘ အာမီးနီးယား - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂:၁၅ နာရီ)
အာမီးနီးယားအသင်းက ဘွန်ဒစ်လီဂါအသင်းဟောင်းဖြစ်ပေမဲ့ အခုချိန်မှာ တတိယတန်းအထိတောင် ဆင်းကစားနေရတယ်။ ၀ါဒါဘရီမင်အသင်းက အမှတ်ပေးပွဲ (၃)ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့တယ်။ ဒါပေမဲ့ ဘွန်ဒစ်လီဂါမှာ ဖိအားသိပ်မရှိလို့ ဂျာမန်ဖလားကို အာရုံစိုက်ကစားလိမ့်မယ်။ ၀ါဒါဘရီမင်ကိုပဲ ရွေးချယ်ချင်တယ်။