Eleven Media Group

■ စပိန်ဘုရင့်ဖလားပွဲ၌ ယမားလ် ပါဝင်ကစားနိုင်ရန် ဟန်ဆီဖလစ်ခ် မျှော်လင့်

Photo: Gettyimages

■ စပိန်ဘုရင့်ဖလားပွဲ၌ ယမားလ် ပါဝင်ကစားနိုင်ရန် ဟန်ဆီဖလစ်ခ် မျှော်လင့်

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်သည် အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲ၌ တိုက်စစ်ကြယ်ပွင့် ယမားလ် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

ယမားလ်သည် လက်စ်ပါမားစ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် ခြေထောက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့အတွက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဟန်ဆီဖလစ်ခ်က ''ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်ကတော့ သူ ကစားနိုင်မယ်လို့ အကောင်းမြင်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

ယမားလ်သည် လက်စ်ပါမားစ်နှင့်ပွဲတွင် ပြစ်ဒဏ်ကျူးလွန်ခံရမှု အကြိမ်ပေါင်း ၁၂ ကြိမ် ရှိခဲ့သည်။

ဟန်ဆီဖလစ်ခ်က လာလီဂါတွင် နာမည်ကြီးများသာမက ကစားသမားအားလုံးကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှု အန္တရာယ်မှ ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းနှင့် နူးကမ့်ကွင်း လာလီဂါတွေ့ဆုံမှုတွင် ၁-၂ ဂိုးဖြင့် အရေးနိမ့်ထားသည်။

မူရင်းသတင်း — Eleven Media Group