
မန်ယူအသင်း၏နည်းပြအဖွဲ့သည် ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်း၏ခြေစွမ်းကို စိတ်ပျက်နေကြောင်း သိရသည်။
ဟွိုင်လန်း(၂၂ နှစ်)သည် ၂၀၂၃ ခုနှစ် နွေရာသီတွင် အတ္တလန်တာမှ မန်ယူသို့ ပေါင်(၇၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့်ရာသီ၌ ပြိုင်ပွဲစုံ(၁၆)ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရုန်းကန်နေရသည်။
လက်ရှိအချိန်၌ ဂိုးမသွင်းနိုင်သည်မှာ (၁၆)ပွဲရှိပြီဖြစ်၍ မန်ယူအသင်း၏နည်းပြအဖွဲ့က ၎င်း၏ခြေစွမ်းကို စိတ်ပျက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုရာသီတွင် ခုနစ်ဂိုးသာ သွင်းယူထားပြီး ပရီးမီးယားလိဂ်တွင်လည်း နှစ်ဂိုးသာ သွင်းခဲ့သည်။
ဟွိုင်လန်း သည် ၂၀၂၅ ခုနှစ်အတွင်း ဂိုးသွင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဲဗာတန်နှင့်ပွဲတွင်လည်း ၎င်းကိုထုတ်လိုက်မှ မန်ယူအသင်း ချေပဂိုးများ ရခဲ့ခြင်းဖြစ်သည်။
ယခုရာသီတွင် ပွဲချိန်ပြည့်ကစားရသည့်ပွဲမှာ ငါးပွဲသာ ရှိခဲ့ပြီး ၁၀ ပွဲမှာ လူစားလဲခံခဲ့ရသည်။