Gen Z တွေက ရွေးချယ်စရာများများရှိလေ သဘောကျလေပဲ။ သူတို့က လွတ်လပ်ပေါ့ပါးပြီး အမြင်ကျယ်တဲ့နည်းပညာခေတ်ထဲ ရှင်သန်လာသူ တွေမဟုတ်လား။ Traditional Football ကို သူ တို့သိပ်သဘောမကျတာ ရွေးချယ်စရာနည်းပါးတာက အရေးပါတဲ့အချက်တစ်ခုအဖြစ် ရှိနေပါတယ်။ ဖီဖာနဲ့ UEFA က ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အတိုင်းကျင်းပနေတဲ့ ပြိုင်ပွဲတွေဟာ သူတို့အတွက် ရင်ခုန်စရာသိပ်မကောင်းဘူး။ အဲဒီလိုအချိန်မျိုးမှာ ပီကေးရဲ့ Kings League က ရင်ခုန်စရာတစ်ခု ဖြစ်လာတယ်။
၂၀၂၂ ခုနှစ်မှာ ပီကေးက Kings League စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ တစ်ဖက် (၇)ယောက်ကစားရတဲ့ ပီကေးရဲ့ Kings League ပြိုင်ပွဲက အချိန်တိုအတွင်းမှာပဲ ပရိသတ်ထုထည် အခိုင်အမာပိုင်ဆိုင်ခဲ့တယ်။ ပီကေးက Kings League ကို Traditional Football နဲ့ Video Game ပေါင်းစပ်ပြီး ဖန်ဆင်းခဲ့ပါတယ်။ အသင်းတစ်သင်းက ကစားသမား (၁၂)ဦးစီပါဝင်ပြီး အဲဒီကစားသမားတွေထဲ ဆီမီးပရိုအဆင့် ကစားသမားတွေ၊ Steramer၊ Influener နဲ့ အားကစားလောကရဲ့ ဂန္ထဝင်တွေ ပါဝင်နေတယ်။ ပီကေးရဲ့ Kings League မှာ အာဂျင်တီးနားဂန္ထဝင် တိုက်စစ်မှူး အဂွဲရိုး၊ စပိန်ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်တို့ရဲ့အသင်းတွေလည်း ရှိနေတာပါ။ ၂၀၂၃ ခုနှစ် တုန်းက Kings League ရဲ့ The Final of Four ပွဲကို နူးကမ့်ကွင်းထဲ ပရိသတ် (၉၂ဝဝဝ) လာကြည့် ဖူးတယ်။ အဲဒီနှစ်အတွင်းမှာပဲ နောက်ထပ် Kings League ရဲ့ The Final of Second Split လို့ နာမည်ပေးထားတဲ့ပွဲကို အက်သလက်တီကိုအသင်းအိမ်ကွင်းမှာ ပရိသတ် (၆ဝဝဝဝ)လာကြည့်ခဲ့ပါတယ်။

Kings League က စပိန်နိုင်ငံရဲ့အပြင်ဘက်ကို ကျော်လွန်ပြီး ဘရာဇီးလ်၊ အီတလီ၊ ဗဟိုအမေရိကနဲ့ တောင်အမေရိကအထိ ပျံ့နှံ့နေပါတယ်။ မကြာသေးခင်က အီတလီနိုင်ငံမှာ ပထမဆုံး Kings World Cup Nations ပြိုင်ပွဲ ကျင်းပနိုင်ခဲ့တယ်။ အဲဒီပြိုင်ပွဲမှာ ဘရာဇီးလ်က ချန်ပီယံဖြစ်ခဲ့ပြီး ပရိ သတ် (၄ဝဝဝဝ)လာကြည့်ခဲ့တာပါ။ Kings League ရဲ့ Social Media ကနေ စိတ်ဝင်စားခံရမှုဟာ (၁ ဒဿမ ၅ ) ဘီလီယံအထိရှိသလို၊Twitch, You Tube, Kick, Tiktok နဲ့ Facebook ကနေ ကြည့်ရှုသူဦးရေဟာ သန်း (၁ဝဝ)ရှိခဲ့ပါတယ်။ Kings League မှာ ကိုယ်ပိုင်အသင်းတည်ထောင်ထားတဲ့ Influencer တွေက သူ တို့ရဲ့ချန်နယ်လ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်လို့လည်း ပရိသတ်ကြည့်ရှုနှုန်း ပိုများလာတာပါ။ လူမှုကွန်ရက် ချန်နယ်လ်တွေ သာမကဘဲ နာမည် ကျော် CBS, ESPN, Disney နဲ့ DAZN စတဲ့ရုပ်သံလိုင်းတွေကလည်း ထုတ်လွှင့်နေပါတယ်။
အင်စတာဂရမ်မှာ Follower (၂၉)သန်း ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်အမေရိကန် Influencer နဲ့ လက်ဝှေ့သမား ဂျိတ်ပေါလ်က Kings World Cup Nations ပြိုင်ပွဲဝင် အမေရိကန်အသင်းရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်ပါတယ်။ သူက ဖိုင်နယ်ပွဲကျင်းပတဲ့ အီတလီနိုင်ငံ၊ တူရင်မြို့အထိ သွားပြီးအားပေးခဲ့တယ်။ သူနဲ့အတူ ကာကာ၊ နေမာ (ဘရာဇီးလ်အသင်း)၊ အဂွဲရိုး (အာဂျင်တီးနား)၊ ဟာနန်ဒက်ဇ် (မက္ကဆီကို)၊ ဂေါ့ဇီ (ဂျာမနီ)၊ ပက်ဂျီဆန် (တောင်ကိုရီးယား)နဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ် (ကိုလံဘီယာ)တို့ကိုလည်း ဥက္ကဋ္ဌရာထူးတွေနဲ့ တူရင်မှာ မြင်ခဲ့ရပါတယ်။ ပီကေးက မိနစ် (၉၀)ကစားတဲ့ ဘောလုံးပွဲတွေကို ပျင်းရိတဲ့ Gen Z တွေအတွက် သူ့ရဲ့ Kings League ပွဲကို မိနစ် (၄၀)အထိ လျှော့ချသတ်မှတ်ပေးလိုက်တယ်။ ပီကေးက "ရိုးရာဘောလုံးပွဲရဲ့စည်းမျဉ်းတွေကို ကျွန်တော် ပြောင်းလဲခဲ့ပါတယ်။ ပိုပြီးရင်ခုန်စရာကောင်းအောင် ပွဲချိန်ကို မိနစ်လေးဆယ်အဖြစ်သတ်မှတ်လိုက်တယ်။ ဒါမှလည်း ပွဲချိန်အတွင်းမှာ မလွတ်တမ်း၊ ရင်ခုန်စိတ်လှုပ်ရှားစွာအားပေးချင်မှာပေါ့။ မိနစ်ကိုးဆယ် ဘောလုံးပွဲတွေက မျိုးဆက်သစ်တွေအတွက် စိတ်လှုပ်ရှားစရာမကောင်းပါဘူး။ ပွဲချိန်က ရှည်လျားလွန်းပြီး တစ်ခါတလေဆိုရင် ဂိုးမရှိသရေပွဲဖြစ်သွားလို့ ပျော်စရာမကောင်းနိုင်ပါဘူး"လို့ ရှင်းပြတယ်။ နာမည် ကျော်လိဂ်ပြိုင်ပွဲတွေကို Kings League က ပခုံးချင်းတိုက်နေတာ မဟုတ်ပါဘူး။ လူဆိုတာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေပရိသတ်တစ်ဦးက Kings League ရဲ့ Ultimate Monsters ပရိသတ်လည်း ဖြစ်ခွင့်ရှိပါတယ်။ Ultimate Monsters အသင်းရဲ့ဥက္ကဋ္ဌက You Tube မှာ Follower (၉ ဒဿမ ၇ သန်း) ပိုင်ဆိုင်ထားတဲ့ Vlogger DjMariio ပါ။ သူက Kings League ရဲ့ တစ်မူထူးခြားတဲ့ စည်းမျဉ်းတွေကို သိပ်ပြီးသဘောကျပါတယ်။ စတင်ဘောပေးဖို့အတွက် ကွင်းလယ်ကို အပြိုင်အဆိုင်ပြေးရတာ၊ ပွဲအစ လေးမိနစ်အတွင်း ဂိုးသွင်းနိုင်ရင် နှစ်ဆသတ်မှတ်ပေးတာ၊ ပြိုင်ဘက်ကစားသမား တစ်ဦးကို ကွင်းထဲကနေ လေးမိနစ်ကြာ ထုတ်ပယ်ခွင့် ရှိတာ၊ အသင်းဥက္ကဋ္ဌက ပွဲကြည့်စင်ကနေ ကွင်းထဲဝင်ပြီး ပယ်နယ်တီကန်သွင်းခွင့်ရှိတာ၊ အံစာတုံး အကြီးကြီး လှိမ့်ပြီး ပထမပိုင်းနောက်ဆုံး နှစ်မိနစ်အတွင်း ကွင်းထဲကစားသမားအရေအတွက် ဘယ် လောက်ထားမလဲဆိုတာ ဆုံးဖြတ်တာတွေက Kings League ရဲ့ အနှစ်သာရပါ။
ပီကေးရဲ့ Kings League က မမျှမတဆက် ဆံခံနေရတဲ့ ပရိသတ်တွေအတွက် စိတ်ဖြေရာတစ်ခုပါ။ ဥရောပဘောလုံးလောကမှာ လက်မှတ်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို ဘောလုံးပရိသတ်တွေ ခံစားနေရတာကြာပါပြီ။ လက်မှတ်ဈေးနှုန်းကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပေမယ့် ဘာမှမထူးခြားပါဘူး။ ဘောလုံးလောကထဲအကျိုးအမြတ်ဦးစားပေးတဲ့ ကြောင်သူတော်တွေ ပိုများလာလေလေ၊ ပရိသတ်တွေ ခံရလေလေပါပဲ။ လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ပီကေးရဲ့ Kings League ကို အမြင်မကြည်ပါဘူး။ ဆပ်ကပ်ပွဲလိုပဲဆိုပြီး ဝေဖန်ဖူးတယ်။ ပီကေးကတော့ တီဘက်စ်ရဲ့ စကားကို ဂရုစိုက်မနေပါဘူး။ UEFA နဲ့ FIFA တာဝန်ရှိသူတချို့ က Kings League ကို ထောက်ခံကြပါတယ်။
ပီကေးက ပရိသတ်သာအဓိကဆိုတဲ့ မူနဲ့ ချီတက်နေတယ်။ ပွဲချိန်၊ ကွင်းမြက်ခင်းအရောင်နဲ့ စည်းမျဉ်းတွေကို ပရိသတ်တွေဆီက ဆန္ဒမဲကောက်ခံပြီး အတည်ပြုဆုံးဖြတ်နေတာပါ။ အစောပိုင်းမှာ ကွင်းမြက်ခင်းအရောင်ကို ရိုးရာအတိုင်း အစိမ်းရောင်ထားခဲ့ပေမယ့် နောက်ပိုင်း ပရိသတ် (၇၀)ရာခိုင်နှုန်းကျော်က အမည်းရောင်ပြောင်းခိုင်းလို့ ပီကေး ပြောင်းခဲ့ပါတယ်။ Kings League ကို ပီကေးပိုင်ဆိုင်တာမဟုတ်ဘဲ ပရိသတ်တွေ ပိုင်ဆိုင်တယ်ဆိုတဲ့ အတွေး မျိုးဖြစ်အောင် ဖန်ဆင်းထားတာပါ။
Kings World Cup Nations ပြိုင်ပွဲမှာ Legends နဲ့ Stramers အသင်းထိပ်တိုက်တွေ့ ခဲ့ပါတယ်။ အဲဒီပွဲမှာ ကာဆီးလက်စ်၊ ပီယာလို၊ ဘူဖွန် တို့လို ဂန္ထဝင်ကစားသမားတွေ ဝင်ကစားပေးခဲ့တယ်။ ပီကေးက အသင်းဖော်ဟောင်းနဲ့ ပြိုင်ဘက်ဟောင်းတွေဆီကနေ ထောက်ခံမှုရနေပေမယ့် Streamers တွေရဲ့ ပုံရိပ်က Kings League အတွက် အရေးကြီးဆုံးဆိုပြီး ဝန်ခံခဲ့တယ်။ Streamers တွေက ဘောလုံးအားကစားနည်းအကြောင်း လုံးဝမသိတဲ့ သူတို့ရဲ့ ပရိသတ်အသိုက်အမြုံကို ဆောင်ယူလာပေးတာပါပဲ။ Kings League မှာကစားရင်း မထင်မရှားဘဝကနေ Follower သိန်းနဲ့ချီ ပိုင်ဆိုင်သွားသူတွေလည်းရှိပါတယ်။ ပီ ကေးက Kings League ကစားသမားတွေကို လစာအများကြီးပေးချင်ပေမယ့် အဲဒီလိုပေးတာထက် Kings League ပလက်ဖောင်းကနေ ထင်ရှားကျော်ကြားမှုနဲ့ အကျိုးအမြတ်ရအောင် စီစဉ်ပေးထားတာပါ။ Kings League ရဲ့ Ecosystem က အဲဒီလိုမျိုးပါ။ ကိုယ်ပိုင်ပုံရိပ် တည်ထောင်ပြီး နာမည်ကျော် Brand တွေကို ဆွဲဆောင်ပြီး ဝင်ငွေ ရှာတာပါ။ လစာတစ်ခုတည်းကို မှီခိုနေရတာမျိုး ပီကေး မဖြစ်စေချင်ပါဘူး။
ကစားသမားဟောင်းတွေသာမကဘဲ ကြယ်ပွင့်ကစားသမားတွေကလည်း Kings League ကို စိတ်ဝင်စားနေပါပြီ။ ဘာစီလိုနာကြယ်ပွင့် ယမားလ်က Kings League မှာ အသင်းပိုင်ရှင် ဖြစ်ဖို့နီးစပ်နေတာပါပဲ။ ပီကေးက သူ့ရဲ့ Kings League ကို လာစေချင်တဲ့ ပုဂ္ဂိုလ်နှစ်ဦးရှိပါတယ်။ မန်ယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ရွိုင်ကင်းနဲ့ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ပါပဲ။ ရွိုင်ကင်းရဲ့ ခေါင်းဆောင်စိတ်နဲ့ စရိုက်လက္ခဏာကို ပီကေး သိပ်သဘောကျလို့ Kings League အသင်းတစ်သင်းမှာ ကစားစေချင်တာပါ။ ပီကေးက "ဖာဂီကို လည်း စကော့တလန်ကိုယ်စားပြုပြီး ဦးဆောင်စေချင်တယ်။ ဒါပေမဲ့ သူ့ကို Kings League ပြိုင်ပွဲ အကြောင်းအတော်လေးရှင်းပြရမှာ၊ သူသာပါလာရင် တကယ်ပျော်ရွှင်မိမှာပါ"လို့ ပြောခဲ့တယ်။