
အီတလီမီဒီယာတွေကတော့ အယ်လီယိုနိုရာကို ဒီလက်တာလက်သစ်လို့ တင်စားနေကြပါတယ်။ ဒီလက်တာ ဆိုတာက ဂျာမန်ဂိုးသမား ကားရီးယပ်စ်ရဲ့ဇနီး ဒီလက်တာလီယော့တာကို ပြောတာပါ။ တကယ်တော့ အယ်လီယိုနိုရာက ဒီလက်တာထက်တောင် လပိုင်းလောက် အသက်ကြီးပါသေးတယ်။
အီတလီမီဒီယာတွေကတော့ အယ်လီယိုနိုရာကို ဒီလက်တာလက်သစ်လို့ တင်စားနေကြပါတယ်။ ဒီလက်တာ ဆိုတာက ဂျာမန်ဂိုးသမား ကားရီးယပ်စ်ရဲ့ဇနီး ဒီလက်တာလီယော့တာကို ပြောတာပါ။ တကယ်တော့ အယ်လီယိုနိုရာက ဒီလက်တာထက်တောင် လပိုင်းလောက် အသက်ကြီးပါသေးတယ်။ ဒါပေမဲ့ DAZN နဲ့ လက်တွဲတာ နောက်ကျတာကြောင့် ဒီလက်တာရဲ့ ဂျူနီယာလိုမျိုး ဖြစ်သွားတာလို့ ဆိုနိုင်ပါတယ်။ အယ်လီယိုနိုရာက အီတလီအလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ရာက မော်ဒယ်လောကထဲ ရောက်ရှိခဲ့သူဖြစ်ပြီး ကြော့ရှင်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ချိုမြတဲ့အပြုံးလှလှကို ပိုင်ဆိုင်ထားတာကြောင့် ရုပ်သံတင်ဆက်သူ ဖြစ်လာခဲ့တာပါ။ Sportitalia မှာ နာမည်ရလာတဲ့ အယ်လီယိုနိုရာကို ပြီးခဲ့တဲ့နှစ်မှာ နာမည်ကျော်ရုပ်သံကုမ္ပဏီ DAZN က ခေါ်ယူခဲ့ပြီး ဒီလထဲမှာ အီတလီဘောလုံးပွဲတွေမှာ စတင်တင်ဆက်စေခဲ့ပါတယ်။ သူက ဒီလက်တာလိုပဲ စစ္စလီကျွန်းက ထွက်ပေါ်လာတဲ့ အချောအလှတစ်ယောက်ဖြစ်တဲ့အပြင် DAZN ရဲ့ ဘောလုံးအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်လာတာ၊ ဘောလုံးသမားတစ်ယောက်ရဲ့ ချစ်သူဖြစ်နေတာတွေကြောင့်လည်း ဒီလက်တာနဲ့ ခိုင်းနှိုင်းခံနေရတာပါ။ အယ်လီ ယိုနိုရာရဲ့ ချစ်သူကတော့ တိုရီနိုအသင်းက အီတလီလက်ရွေးစင်ကွင်းလယ် ခံစစ်ကစားသမား ဆမ်မြူယယ်လီရစ်ခီပါ။ ရစ်ခီက ၂၃ နှစ်သာရှိသေးပြီး အယ် လီယာနိုက ၃၄ နှစ် ရှိပြီဖြစ်တာကြောင့် မနဲ့ မောင်လေး ဇာတ်လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့ ဒီလက်တာက ၂ နှစ်ငယ်တဲ့ ကာရီးယပ်စ်ကိုသာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အယ်လီယိုနိုရာက တစ်ကွက်သာသွားခဲ့ပြီလို့ ဆိုရမလားပဲ။