Eleven Media Group

အာမိုရင်မ် သို့မဟုတ် ကျားသေကို အသက်သွင်းချင်သူ (၅)

Photo : X

၂၀၂၁-၂၂ ရာသီမှာလည်း ရာသီအဖွင့် ၁၆ ပွဲဆက်တိုက်ကို စပို့တင်းအသင်းက ရှုံးပွဲမရှိကစားနိုင်ခဲ့တယ်။ အာမိုရင်မ်က ပေါ်တူဂီအမှတ်ပေးသမိုင်းမှာ နိုင်ပွဲ (၅၀)ကို အမြန်ဆုံးပြည့် မြောက်တဲ့ နည်းပြလည်းဖြစ်လာတယ်။ ရာသီကုန်တော့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံဖြစ်ခဲ့တုန်းက အမှတ်ထက် ပိုယူနိုင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ အမှတ်ပေးဇယား ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့တယ်။ ရာသီကုန်တော့ အသင်းရဲ့အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ပယ်ဟင်ညာနဲ့ မာသီးယက်စ်နူးနက်စ်တို့က ဖူလ်ဟမ်နဲ့ ဝုလ်ဗ်အသင်းတွေကို အသီးသီး ပြောင်းရွှေ့သွားကြပြီး ၂၀၂၂-၂၃ ရာသီမှာ ကွင်းလယ် ပြဿနာ ကြုံတွေ့ခဲ့တယ်။

၂၀၂၁-၂၂ ရာသီမှာလည်း ရာသီအဖွင့် ၁၆ ပွဲဆက်တိုက်ကို စပို့တင်းအသင်းက ရှုံးပွဲမရှိကစားနိုင်ခဲ့တယ်။ အာမိုရင်မ်က ပေါ်တူဂီအမှတ်ပေးသမိုင်းမှာ နိုင်ပွဲ (၅၀)ကို အမြန်ဆုံးပြည့် မြောက်တဲ့ နည်းပြလည်းဖြစ်လာတယ်။ ရာသီကုန်တော့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံဖြစ်ခဲ့တုန်းက အမှတ်ထက် ပိုယူနိုင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ အမှတ်ပေးဇယား ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့တယ်။ ရာသီကုန်တော့ အသင်းရဲ့အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ပယ်ဟင်ညာနဲ့ မာသီးယက်စ်နူးနက်စ်တို့က ဖူလ်ဟမ်နဲ့ ဝုလ်ဗ်အသင်းတွေကို အသီးသီး ပြောင်းရွှေ့သွားကြပြီး ၂၀၂၂-၂၃ ရာသီမှာ ကွင်းလယ် ပြဿနာ ကြုံတွေ့ခဲ့တယ်။ အဲ့ဒီရာသီမှာ စပို့တင်းလစ္စဘွန်းက အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ မန်နူရယ်အူဂါတေးဆိုတဲ့ လူငယ်ကစားသမားလေးအတွက် အခွင့်အရေး ပိုရလာခဲ့တယ်။ အခုတော့ အူဂါတေးက အာမိုရင်မ်နဲ့အတူ မန်ယူနိုက်တက်အသင်းမှာ ပြန်လက်တွဲနေပါပြီ။ အူဂါတေးကလည်း သိပ်မကြာခင်မှာ PSG အသင်းကို ပြောင်းရွှေ့သွားခဲ့လို့ အာမိုရင်မ်က အဓိက ကစားသမားတွေကို ရောင်းထုတ်နေတဲ့ အသင်းနဲ့ စကားပြောဖို့ ဖြစ်လာတယ်။

"ကျွန်တော် ဥက္ကဋ္ဌနဲ့ စကားပြောခဲ့တယ်။ ပထမဆုံး စကားပြောခဲ့တာက ဒီအသင်းကနေ ကျွန်တော်ထွက်ခွာတော့မယ်ဆိုတဲ့ စကားဖြစ်ပြီး စပို့တင်းလစ္စဘွန်းအသင်းဟာ ကျွန်တော်စတင်ရောက်လာချိန်က သူတို့ ပြောခဲ့တဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေနဲ့ လွဲချော်နေပြီလို့ ခံစားရတယ် ဆိုတဲ့အကြောင်း ပြောခဲ့တယ်"လို့ အာမိုရင်မ်က ပြောတယ်။ စပို့တင်းလစ္စဘွန်းအသင်းက အာမိုရင်မ်ကို အသင်းက မထွက်စေချင်ဘူး။ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လုပ်မှာပါဆိုတဲ့ ကတိကို ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကိုဗင်ထရီအသင်းက ဆွီဒင်တိုက်စစ်မှူး ဗစ်တာယိုကယ်ရက်စ်ကို ပေါင်သန်း ၂၀နဲ့ ခေါ်ယူခဲ့တယ်။ ဗစ်တာယိုကယ်ရက်စ်ဟာ ရူဘင်အာမိုရင်မ်ရဲ့အဓိက လက်နက်ဖြစ်လာခဲ့ပြီး အသင်းအတွက် ကစားခဲ့တဲ့ပွဲ ၅၀မှာ ၄၃ ဂိုးအထိ သွင်းယူပေးခဲ့တယ်။ ဒါဟာ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း တိုက်စစ်မှူးတစ်ဦးရဲ့အကောင်းဆုံး ဂိုးသွင်းနှုန်းလည်းဖြစ်တယ်။ စပို့တင်းလစ္စဘွန်းအသင်းဟာ အမှတ်ပေးချန်ပီယံဆုဖလားကို ထပ်မံရယူနိုင်ခဲ့ပြန်တယ်။

ပေါ်တူဂီလိဂ်မှာ အာမိုရင်မ်တောက်ပနေချိန် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေကလည်း အမော်ရင်ကို စောင့်ကြည့်နေကြတယ်။ လီဗာပူးလ်အသင်းက ယာဂန်ကလော့ပ်နေရာမှာ အစားထိုးဖို့ နည်းပြစာရင်းကို စီလိုက်တော့ ရူဘင်အာမိုရင်မ်လည်း ပါဝင်တယ်။ ဒါပေမဲ့ သူတို့ က ရူဘင်အာမိုရင်မ် အသုံးပြုတဲ့ ၃-၄-၃ ပုံစံ ကစားကွက်က အသင်းနဲ့ အံဝင်မှာမဟုတ်ဘူးလို့ ယူဆတယ်။ အာမိုရင်မ်ကိုသာ နည်းပြအဖြစ် ခန့်အပ်လိုက်မယ်ဆိုရင် သူတို့ ရင်ဆိုင်ရမယ့် အဓိက ပြဿနာက ကလပ်အသင်းရဲ့ ကစားသမားစုဖွဲ့မှုအထိုင်ကို အများကြီး ပြောင်းလဲပစ်ဖို့ လိုလိမ့်မယ်။ ဒါကြောင့် အာမိုရင်မ်ကို လီဗာပူးလ်က နောက်ပိုင်းမှာ မစဉ်းစားတော့ဘူး။

ချယ်လ်ဆီးအသင်းကလည်း အာမိုရင်မ်ရဲ့အနေအထားကို စောင့်ကြည့်ခဲ့ဖူးသလို၊ တချို့သတင်းရင်းမြစ်တွေက ချယ်လ်ဆီးနဲ့ အာမိုရင်မ်တို့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာ နှစ်ကြိမ်လောက် ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အဲ့ဒါက တကယ်တွေ့ ဖြစ်မဖြစ် မသေချာခဲ့ပဲ အမော်ရင်နဲ့ တကယ်တမ်းစကားပြောကြည့်ခဲ့တာက ဝက်စ်ဟမ်းအသင်း ဖြစ်တယ်။ ဝက်စ်ဟမ်းအသင်းကတော့ အာမိုရင်မ် သိပ်စိတ်မဝင်စားခဲ့သလို နောက်ပိုင်းမှာ ထပ်မတွေ့ဖြစ်ခဲ့ဘူး။ နောက်ဆုံး မန်စီးတီးအသင်းကတောင် အာမိုရင်မ်ကို ဂွါဒီယိုလာနေရာမှာ အစားထိုးဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့သေးတယ်။ ဒါကတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်နဲ့ နယူးကာဆယ်ကစား သမားဟောင်း ဟူဂိုဗီယာနာကို မန်စီးတီးအသင်းက ဘီဂီရီစတိန်းနေရာအတွက် အစားထိုးဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ဒါဟာ အာမိုရင်မ်အတွက်ပါ လမ်းဖွင့်လိုက်တာလားဆိုတဲ့ အယူအဆကြောင့်လည်း သက်ဆိုင်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းနဲ့ လက်မတွဲခင် ဘရာဂါအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ အားကစားဒါရိုက်တာ ကာဆာကာကတော့ "မန်စီးတီးအသင်းနဲ့ သတင်းတွေထွက်လာချိန်မှာ ကျွန်တော်တို့က ရူဘင်ကို တကယ်ပဲ မန်စီးတီးအသင်းနည်းပြ ဖြစ်လာမယ်လို့ ထင်ခဲ့သေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့အချိန်တုန်း က သူက အသင်းသားတွေကို မန်စီးတီးဆိုရင် ဘယ်လိုအလုပ်လုပ်သလဲ၊ ဂွါဒီယိုလာဆိုရင် ဘယ်လို အလုပ်လုပ်သလဲဆိုတာကို မကြာခဏ ပြောခဲ့ဖူးတာကို ကျွန်တော်တို့ ကြားဖူးနေလို့ပါ။ သူက ဂွါဒီယိုလာရဲ့ အလုပ်လုပ်ပုံနည်းလမ်းတွေကို သဘောကျတဲ့လူဆိုတာတော့ သေချာပါတယ်"လို့ ပြောခဲ့တယ်။ အာမိုရင်မ်က ဒီအသင်းတွေကို မရွေးဘဲ နောက်ဆုံးမှာ မန်ယူနိုက်တက်နည်းပြဖြစ်လာတော့ မန်ယူနိုက်တက်ကလည်း INEOS လက်ထက်ရောက်မှ အာမိုရင်မ်ကို စိတ်ဝင်စားတာလို့ ထင်စရာရှိတယ်။ တကယ်တော့ ဂလေဇာတွေ အသင်းရဲ့ ဘောလုံးကိစ္စတွေကို ဦးဆောင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက မန်ယူနိုက်တက်အသင်း စောင့်ကြည့်ခဲ့တဲ့ နည်းပြစာရင်းထဲမှာ အာမိုရင်မ် ပါဝင်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆိုရင် အဲရစ်တန်ဟက်ဂ်ကိုတောင် မန်ယူနိုက်တက် အသင်းက သူတို့နည်းပြအဖြစ် မခန့်အပ်ရသေးဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ အတွေ့အကြုံ အရမ်းနုနယ်သေးတဲ့ အာမိုရင်မ်ကိုကျော်ပြီး တန်ဟက်ဂ်ကို မန်ယူနိုက်တက်အသင်းက ရွေးချယ်ခဲ့တာဖြစ်တယ်။

မန်ယူနိုက်တက်အသင်းက ဆာအဲလက်စ် ဖာဂူဆန်ခေတ်လွန်ကာလတွေမှာ ခိုင်မာတဲ့ ဖီလော်ဆော်ဖီတစ်ခုခုဆီကို ရောက်သွားတာမျိုး မရှိတော့ဘူး။ ကလပ်အသင်းက ဒါကို ပြန်တည်ဆောက်ချင်တယ်။ ဒါပေမဲ့ ဒေးဗစ်မွိုက်စ်နောက်ပိုင်းမှာ ကမ္ဘာ့ထိပ်တန်းနည်းပြတွေဖြစ်တဲ့ ဗန်ဟားလ်နဲ့ ဂျိုဆေးမော်ရင်ဟိုတို့က ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အသင်းကို ချီတက်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကတော့ ဆာအဲလက်စ်ပုံစံအသင်းကို သွားချင်စိတ်လွန်ကဲနေတဲ့ နည်းပြအဖြစ် သူတို့က မြင်တယ်။ ပြီးတော့ အောင်မြင်မှုတွေဆီကို ရောက်အောင်သွားနိုင်မယ့်နည်းပြအဖြစ် သူတို့ရဲ့ ယုံ ကြည်မှုက တဖြည်းဖြည်းလျော့နည်းလာခဲ့တယ်။ ဒါကြောင့် သူတို့က တန်ဟက်ဂ်နဲ့ သွားကြည့်ခဲ ပေမယ့် အဆင်မပြေခဲ့ဘူး။ နောက်ပိုင်းမှာ INEOS က ကလပ်အသင်းဘုတ်အဖွဲ့ကို သူတို့စိတ်ကြိုက်ပြောင်းလဲခဲ့ပြီး အရာရာကို အသစ်က ပြန်စဖို့ ကြိုးစားခဲ့တယ်။

ဒန်အက်ရှ်ဝေါ့သ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ချိန်မှာ အာမိုရင်မ်နာမည်က ယူနိုက်တက် နည်းပြလောင်းစာရင်းထဲကို ပြန်ရောက်လာတယ်။ အက်ရှ်ဝေါ့သ်က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ကို သဘောကျသလို၊ အာမိုရင်မ်ကိုလည်း ထောက်ခံမှုပေးခဲ့သူဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူ့ဘက်က အမြင်က မန်ယူနိုက်တက်အသင်းဟာ ဆောက်ဂိတ်နဲ့ ပိုသင့်တော်မယ်လို့ ယူဆခဲ့တယ်။ အက်ရှ်ဝေါ့သ်က တန်ဟက်ဂ်အတွက် ဆွေးနွေးကြတဲ့ အချိန်တွေမှာလည်း ရာထူးက မထုတ်စေချင်သေးတဲ့ ဘက်မှာ ရှိတယ်။ သူ့ရဲ့မပြတ်မသား အမြင်တွေကို ယူနိုက်တက်က သိပ်သဘောမကျခဲ့ဘူး။ တကယ်တမ်းတန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာတော့ အက်ရှ်ဝေါ့သ်ရဲ့ ရပ်တည်မှုက ဆောက်ဂိတ်ဘက်ကို လုံးဝယိမ်းယိုင်သွားခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မန်ယူနိုက်တက်အသင်းက သူ့ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နယူးကာဆယ်အသင်းကနေ ခေါ်ဖို့အတွက် အသည်းအသန်ကြိုးပမ်းခဲ့ပြီးခါမှ ငါးလအကြာမှာ ပြန်လမ်းခွဲခဲ့တာဖြစ်ပြီး အာမိုရင်မ်ကို ခန့်အပ်ချိန်မှာလည်း သူ့အပေါ်က အသင်းရဲ့CEO ဖြစ်တဲ့ အိုမာ ဘယ်ရာဒါကပဲ ဆက်လက်လုပ်ဆောင်သွားခဲ့တယ်။

ဆာအဲလက်စ် ထွက်ခွာပြီးချိန်ကတည်းက ဒီအသင်းဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေလို့ ဆိုကြတဲ့ ဗန်ဟားလ်၊ မော်ရင်ညိုတို့ကိုလည်း ခန့်အပ်ခဲ့ပြီးပြီ။ မအောင်မြင်ခဲ့ဘူး။ ပရောဂျက်မန်နေဂျာတွေထဲက ထိပ်တန်းအဆင့်နည်းပြအဖြစ် နာမည်ကြီးတဲ့ အဲရစ်တန်ဟက်ဂ်လည်း အဆင်မပြေခဲ့ဘူး။ အခုတစ်ကြိမ်မှာတော့ လူငယ်နည်းပြ ထဲကပဲ ဆက်ခန့်ဖို့ အသင်းက ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ INEOS ရဲ့ ဖွဲ့စည်းထားပုံ အရဆိုရင်လည်း ထိပ်တန်းနည်းပြကြီးတွေ၊ နည်း ပြဟောင်းကြီးတွေက သဘောကျမှာမဟုတ်ဘူး။ အထက်မှာ အဆင့်ဆင့်ဆုံးဖြတ်ပြီးမှ အလုပ်တစ်ခုကို အကောင်အထည်ဖော်တဲ့ ပုံစံက လူငယ်နည်းပြတွေနဲ့ ညှိနှိုင်းရတာပဲ အဆင်ပြေမယ့် သဘောဖြစ်လာတယ်။ ဒါကြောင့်လည်း နောက်ဆုံးမှာ အာမိုရင်မ်နဲ့ ရွက်လွှင့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။

ဆက်လက်ဖော်ပြပါမည်

မူရင်းသတင်း — Eleven Media Group