
မန်စီးတီးအသင်းသည် လာမည့်နွေတွင် ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုအား ခေါ်ယူရန် အသင့်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ဘရာဇီးလ်လက်ရွေးစင် ရိုဒရီဂို (၂၄ နှစ်)သည် ရီးယဲလ်တွင် နာမည်ကျော်များဖြစ်သည့် ဘာပေ၊ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်တို့၏ လောင်းရိပ်အောက်တွင် ရောက်နေသည်ဟုခံစားနေရပြီး အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေသည်။
မန်စီးတီးအသင်းသည် လာမည့်နွေတွင် အသင်းကိုအပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ရန်စီစဉ်နေပြီး ရိုဒရီဂိုကို ခေါ်ယူရန်ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
Okdiario ၏ ဖော်ပြချက်အရ မန်စီးတီးအသင်းသည် လာမည့်နွေတွင် ရိုဒရီဂိုကို ယူရို (၁၂၄)သန်းဖြင့်ကမ်းလှမ်းရန်အသင့်ရှိကြောင်း သိရသည်။
ရိုဒရီဂိုသည် ရီးယဲလ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး မန်စီးတီးအသင်းအပြင် အခြားပရီးမီးယားလိဂ်အသင်းအချို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။