Eleven Media Group

လာလီဂါဥက္ကဋ္ဌ တီဘက်စ်ကို အန်ဆယ်လော့တီ ဝေဖန်

Photo: beIN SPORTS

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လာလီဂါဥက္ကဋ္ဌ တီဘက်စ်သည် စကားအလွန်များသူဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ကွင်းလယ်ဒိုင်များ၏ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ်အသင်း၏ စောဒကတက်မှုများမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ငိုညည်းနေသည့်အသင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
ထို့ကြောင့် ယခုအခါ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက တီဘက်စ်သည် အလွန်စကားများသူဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
အန်ဆယ်လော့တီက ''တီဘက်စ်က ရီးယဲလ်အကြောင်းကို အများကြီး ပြောနေသူပါ။ ကျွန်တော် ရီးယဲလ်နည်းပြ ဖြစ်လာကတည်းက သူက ရီးယဲလ်အကြောင်းကိုချည်း ပြောနေတာပါ။ ဒါက အသင်းပရိသတ်တွေအပေါ် မလေးစားရာရောက်ပါတယ်။ စပိန်ဘောလုံးလောကမှာ ပြဿနာတွေ ရှိပါတယ်။ သူက အဲဒါတွေကို ရှင်းဖို့ပဲ အာရုံစိုက်သင့်တာပါ''ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group