Eleven Media Group

အေစီမီလန်အသင်း၏အပြောင်းအရွှေ့ပေါ်လစီကို ဆက်ချီ ဝေဖန်

Photo: SempreMilan

အေစီမီလန်ဂန္ထဝင်နည်းပြ အာရီဂိုဆက်ချီက အသင်း၏အပြောင်းအရွှေ့ပေါ်လစီကို ဝေဖန်ခဲ့သည်။
အေစီမီလန်အသင်းသည် ယခုရာသီ အပြောင်းအရွှေ့ကာလ (၂) ခုတွင် အငှားခေါ်ယူမှုအပါအဝင် ကစားသမား (၂၁) ဦးအထိ ခေါ်ယူခဲ့သည်။
အေစီမီလန်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဝေါ်လ်ကာ၊ ဂျော်အိုဖေးလစ်တို့ကဲ့သို့ နာမည်ကြီးကစားသမားများကို အငှားဖြင့် ခေါ်ယူခဲ့သည်။
ယခုအခါ အေစီမီလန်နည်းပြဟောင်း ဆက်ချီက အသင်း၏ အပြောင်းအရွှေ့ပေါ်လစီကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဆက်ချီက ''လက်ရှိ အေစီမီလန်က ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားပါ။ တိုရီနိုနဲ့ပွဲမှာ အေစီမီလန်အသင်းကို စည်းလုံးမှုရှိတဲ့ အသင်းတစ်သင်းအနေနဲ့ မမြင်ခဲ့ရပါဘူး။ ဘောလုံးမှာ အရေးကြီးတာက နည်းပြနောက်မှာ စီမံခန့်ခွဲမှုကောင်းတဲ့လူတွေ ရှိဖို့လိုပါတယ်။ အေစီက ကစားသမား (၂၀) လောက်ခေါ်ခဲ့တယ်။ ဒါက မကောင်းပါဘူး။ နာမည်ကိုကြည့်ပြီး ကစားသမား ခေါ်လို့ မရပါဘူး''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group