
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အလားအလာ(၉၈.၈%)ရှိသွားခဲ့ပြီဖြစ်ကြောင်း Opta က ခန့်မှန်းဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုတစ်ပတ်ကြားရက်ပွဲစဉ်အပြီးတွင် ဒုတိယနေရာမှ အာဆင်နယ်အသင်းကို တစ်ပွဲပိုကစားပြီး (၁၃)မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီဖြစ်သောကြောင့် Opta က ယခုကဲ့သို့ ခန့်မှန်းဖော်ပြခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် အာဆင်နယ်အသင်းထက် တစ်ပွဲပိုကစားထားသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ ပွဲစဉ် (၂၇)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်၌ (၁၀) မှတ်အထက် ဖြတ်ထားနိုုင်သည့်အသင်းတိုင်း ချန်ပီယံဆုကို မလွတ်တမ်းရယူနိုင်သည့် အစဉ်အလာရှိခြင်းကြောင့် လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် သေချာနေပြီဟု ထင်ကြေးပေးခံနေရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲစဉ်(၂၇)အပြီး၌ (၉)မှတ်ဖြတ်နိုင်သည့်အသင်း ရာသီကုန်တွင် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းသာ ရှိဖူးပြီး (၁၀)မှတ်အထက် ဖြတ်နိုင်သည့်အသင်းများမှာမူ ချန်ပီယံဆုကို မလွတ်တမ်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ ကြောင့် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းအနေဖြင့် မည်သည့်အချိန်၌ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် သေချာမည်လဲဟူသည့် ခန့်မှန်းတွက်ချက်မှုများလည်း ထွက်ပေါ်နေသည်။
အစောဆုံးအနေဖြင့် ဧပြီ(၅၊ ၆)တွင် အဖြေထွက်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေအများဆုံးမှာ ဧပြီ(၂၆၊ ၂၇)တွင်ဟု ခန့်မှန်းထားကြသည်။