
လီဗာပူးလ်အသင်း၏နည်းပြဟောင်းဖြစ်သည့် ဘင်နီတက်ဇ်က အီဂျစ်တိုက်စစ်မှူး ဆာလာသည် လီဗာပူးလ်အသင်းတွင် ဆက်ရှိနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဆာလာသည် လာမည့်နွေရာသီတွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးခံနေရသည်။
သို့သော် ဘင်နီတက်ဇ်က ဆုဖလားအောင်ပွဲများ ရယူနိုင်ခဲ့ပါက ဆာလာအနေဖြင့် လီဗာပူးလ်အသင်းတွင် ဆက်ရှိနိုင်သည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
"ကစားသမားအပေါ်မှာပဲ မူတည်ပါတယ်။ ဆုဖလားတွေ ရယူနိုင်ခဲ့ရင် ဆာလာ ဆက်ရှိလိမ့်မယ်လို့ ထင်ပါတယ်"ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အတွက် အဓိကခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၃၉) ပွဲတွင် ဂိုး (၃၀) သွင်းကာ ဂိုးဖန်တီးမှု (၂၂) ကြိမ် ပြုလုပ်ထားသည်။
လီဗာပူးလ်အသင်းသည် ဆာလာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ သဘောတူညီမှု မရသေးကြောင်း သိရသည်။
ယင်းအနေအထားတွင် ဆာလာအား ခေါ်ယူရန် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရှိရသည်။