Eleven Media Group

■ ဧပြီလတွင် ဆာကာနှင့် မာတင်နယ်လီ ပြန်ကစားနိုင်ရန် အာတီတာ မျှော်လင့်

အာဆင်နယ်နည်းပြ အာတီတာသည် နိုင်ငံတကာရက်သတ္တပတ်အလွန်ဖြစ်သည့် ဧပြီလ၌ ဆာကာနှင့် မာတင်နယ်လီတို့ ပြန်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

ဆာကာနှင့် မာတင်နယ်လီတို့သည် တံ ကောက်ကြောဒဏ်ရာများကြောင့် အနားယူနေရခြင်းဖြစ်ပြီး မကြာမီ ပြန်ကစားနိုင်ရန် အလားအလာများနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် မတ်လအတွင်း၌ PSV၊ မန်ယူ၊ ချယ်လ်ဆီးတို့နှင့် ပွဲကျပ်များ ဆက်တိုက်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး နိုင်ငံတကာရက်သတ္တပတ်အလွန် ဧပြီ(၁)ရက်တွင် ဖူလ်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာတီတာက ဖူလ်ဟမ်နှင့်ပွဲအမီ ဆာကာနှင့် မာတင်နယ်လီတို့ ပြန်ကစားနိုင်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့ ပြန်ကစားနိုင်တော့ မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဘယ်လိုပြောင်းလဲမှုတွေ ရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ"ဟု အာတီတာက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် အဆိုပါကစားသမားနှစ်ဦးအပြင် တိုက်စစ်ကစားသမားများစွာ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့်အတွက် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်လု နီးပါးဖြစ်သွားခဲ့သည်။

အာတီတာကမူ သချင်္ာနည်းအရ မျှော်လင့်ခွင့်ရနေသေးသရွေ့ တိုက်ပွဲဝင်သွားမည်ဟု ပြောကြားထားသည်။

မူရင်းသတင်း — Eleven Media Group