Eleven Media Group

■ ကင်မစ်ချ်အား စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ် အဆုံးသတ်

ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်အား စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန် ဆုံးမည့် ကင်မစ်ချ်(၃၀ နှစ်)ကို သက်တမ်းတိုးရန် ကြိုးပမ်းခဲ့သည်။

သို့သော် ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေသည့်အတွက် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ကာ ကင်မစ်ချ်အား သက်တမ်းမတိုးတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်တော့မည်ဖြစ်သည့် ကင်မစ်ချ်ကို မန်စီးတီး၊ လီဗာပူးလ်နှင့် ဘာစီလိုနာအသင်းတို့ အပြိုင်ကမ်းလှမ်းကြဖွယ်ရှိကြောင်း သိရသည်။

အသက် (၃၀) အရွယ်ရှိ ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်သည် ကွင်းလယ်တွင်သာ ညာနောက်ခံနေရာတွင်ပါ ကစားနိုင်သည် စွယ်စုံရကစားသမားဖြစ်သည်။

၎င်းသည် ၂၀၁၅ နွေရာသီတွင် လိုက်ပ်ဇစ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ယူရို (၇) သန်းဖြင့် ရောက်ရှိလာခဲ့သည်။

ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၀) ရာသီအတွင်း ပြိုင်ပွဲစုံ (၄၃၅) ပွဲကစားကာ (၄၃) ဂိုး သွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group