
လီဗာပူးလ်အသင်းမှ အီတလီတိုုက်စစ်ကစားသမား ခီယေဆာသည် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
ခီယေဆာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲသာ ယှဉ် ပြိုင်ကစားခွင့်ရရှိထားသည်။
ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်မှာ အနည်းဆုံး ပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ကစားထားသည့် ကစားသမားများကိုသာ ပေးအပ်ခြင်းဖြစ်သည့်အတွက် ခီယေဆာ လွဲချော်ဖွယ်ရှိခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲစဉ် (၁၀) အထိ ကစားရန် ကျန်ရှိနေသေးပြီး ခီယေဆာအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲတွင် မိနစ်ပိုင်းမျှ ပါဝင်ကစားရုံဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ကို ရရှိမည်ဖြစ်သည်။
အသက် (၂၇) နှစ်အရွယ်ရှိ အီတလီတိုက်စစ်ကစားသမား ခီယေဆာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင်မှ ဂျူဗင်တပ်စ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင် (၁၀) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
၎င်းသည် ကြံ့ခိုင်မှုြုပဿနာများအပြင် လီဗာပူးလ်အသင်းတွင် တိုက်စစ်ကစားသမား ပေါများခြင်းကြောင့် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။
ခီယေဆာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် (၃) ပွဲသာ ကစားထားရသလို၊ ပြိုင်ပွဲစုံ (၁၀) သာ ကစားထားရပြီး (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။