
အာဆင်နယ်အသင်းသည် လစ်လပ်နေသည့် အားကစားဒါရိုက်တာ ရာထူးကို မတ်လအတွင်း ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် အသင်း၏ ကစားသမားဟောင်းဖြစ်သည့် အီဒူးနှင့်လမ်းခွဲခဲ့ပြီးနောက် အားကစားဒါရိုက်တာရာထူး လစ်လပ်နေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ် မခေါ်ယူနိုင်ခဲ့ခြင်းမှာ အားကစားဒါရိုက်တာမရှိခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ယခုအခါ အာဆင်နယ်အသင်းသည် အီဒူးနေရာ အစားထိုးရန် အားကစားဒါရိုက်တာအသစ်ကို မတ်လအတွင်း ခန့်အပ်သွားရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်၌ လျာထားစာရင်းတွင် ထည့်သွင်းကာ ဆွေးနွေးညှိနှိုင်းနေသူ(၅)ဦးရှိကြောင်း သိရသည်။
အဆိုပါပုဂ္ဂိုလ်များမှာ ဆိုစီဒက်အသင်းမှ ရောဘတ်တိုအိုလာဘီ၊ အက်သလက်တီကိုအသင်းမှ အန်ဒရီယာဘာတာ၊ မိုနာကိုအသင်းမှ သီယာဂိုစကူရို၊ မန်ယူအသင်း၏ အားကစားဒါ ရိုက်တာဟောင်း ဒန်အက်ရှ်ဝါ့သ်နှင့် လက်ရှိအချိန်၌ အာဆင်နယ်အသင်းတွင် အီဒူး၏တာဝန်များကို ဆောင်ရွက်နေသော ဂျေဆန်အေတိုတို့ဖြစ်ကြောင်း သိရသည်။