Eleven Media Group

■ မန်ယူအသင်းတွင် စာချုပ်ကုန်သည်အထိ ကက်စီမီရို ဆက်ရှိလို

Photo: Getty Images

မန်ယူအသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုသည် လက်ရှိအသင်းတွင် စာချုပ်သက်တမ်းကုန်သည်အထိ ဆက်ရှိလိုကြောင်း သိရသည်။

အသက် (၃၃) နှစ်အရွယ် ဘရာဇီးလ်ဝါရင့်ကစားသမား ကက်စီမီရိုသည် မန်ယူအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ် ဆိုထားသူဖြစ်ပြီး တစ်ပတ်ပေါင်(၃၅၀၀၀၀)ရရှိနေသည်။

မန်ယူအသင်းက ၎င်းကို ရောင်းထုတ်ရန် ဆန္ဒရှိနေသော်လည်း ၎င်းက လက်ရှိလစာထက် လျော့နည်းသည့်အသင်းထံ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကက်စီမီရိုအား ခေါ်ယူရန် စီရော်နယ်လ်ဒို ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ကြိုးပမ်းခဲ့သော်လည်း ဖြစ်မြောက်ခဲ့ခြင်း မရှိပေ။

ကက်စီမီရိုသည် ၂၀၂၂ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းထံသို့ ပေါင်သန်း (၇၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် မန်ယူကစားသမားဘဝ ပထမဆုံးရာသီတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် အရှုံးပေါ်နေသည့် အသင်းဘဏ္ဍာရေးကြောင့် လစာများစွာ ပေးချေနေရသည့် ကက်စီမီရိုအား ရောင်းထုတ်လိုနေခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group