Eleven Media Group

■  ဟာရီကိန်းကို မန်ယူအသင်းထံ ခေါ်ယူရန် ဆာဂျင်မ်ရက်ကလစ်ဖ် ဆန္ဒရှိ

Photo: Getty Images

မန်ယူအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် ဆာဂျင်မ်ရက်ကလစ်ဖ်သည် ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို လာမည့်နွေရာသီတွင် မန်ယူအသင်းထံ ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဟာရီကိန်း(၃၁ နှစ်)သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်နွေရာသီ၌ သင့်တော်သည့် ကမ်းလှမ်းမှုရရှိခဲ့ပါက ဘိုင်ယန်မြူးနစ်အသင်းက ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။

ထို့ကြောင့် ဆာဂျင်မ်ရက်ကလစ်ဖ်က ဟာရီကိန်းအား မန်ယူအသင်းထံသို့ ခေါ်ယူရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းသို့ မပြောင်းရွှေ့မီက စပါးအသင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခဲ့သူဖြစ်သည်။

မန်ယူအသင်းသည် ဟာရီကိန်းသည် စပါးအသင်းတွင် ကစားနေစဉ်ကပင် ၎င်းအား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး လက်ရှိတွင် ဂိုးရရန် ရုန်းကန်နေရသည့် တိုက်စစ်ပိုင်းအတွက် ဟာရီကိန်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။

ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၂၉) ဂိုးအထိ သွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group